Home သဘာဝဘေး ငလျင်ကြောင့် ဟုမ္မလင်းမြို့နယ်မှ သံဃာတော် သုံးပါးပျံလွန်တော်မူ

ငလျင်ကြောင့် ဟုမ္မလင်းမြို့နယ်မှ သံဃာတော် သုံးပါးပျံလွန်တော်မူ

by Homeland Author

မတ်လ ၂၈ ရက်နေ့က ပြင်းအားရစ်ချက်စတာ စကေး ၇.၇ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေ သေဆုံးခဲ့ရပြီး ဆရာတော် သံဃာတော်တွေနဲ့ ရှင်သာမဏေ ကိုရင် ရာဂဏန်းနီး ပျံလွန်တော်မူခဲ့ကြရတယ်လို့ သိရပါတယ်။

အဆိုပါ ပျံလွန်တော်မူသွားတဲ့အထဲမှာ ဟုမ္မလင်းမြို့နယ်မှ သုံးပါးပါဝင်တယ်လို့ သိရှိထားရပြီး ထုံမှာတဲကျေးရွာနေ ဦးတင်နွဲ့၊ ဒေါစောသန်းတိုရဲ့ သား (မောင်မျိုးနိုင်) အရှင်ကောသလ္လလည်း ပါဝင်တယ်လို့ သိရပါတယ်။

အရှင်ကောသလ္လဟာ အသက်တော် (၂၅) နှစ်ရှိပြီဖြစ်ပြီး ဝါတော် (၅) ဝါ ရှိပြီဖြစ်ကာ စစ်ကိုင်းမြို့ ဇိနောဒယ ပရိယတ္တိစာသင်တိုက်မှာ လောကုတ္တရာစာပေ သင်ယူဆည်းပူးနေစဉ်မှာပဲ ငလျင်ဘေးကြောင့် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါတယ်။

အလားတူ စစ်ကိုင်းမြို့မှ အဆိုပါ ဇိနောဒယ စာသင်တိုက်မှာ ဟုမ္မလင်းမြို့နယ် ပေါက်ပင်ရွာဇာတိဖြစ်တဲ့ ဦးတေဇဓမ္မ ဆရာတော်လည်း ငလျင်ကြောင့် ပျံလွန်တော်မူခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဝိမုတ္တိကျောင်းဆောင် ပြိုကျမှု ဖြစ်စဉ်ထဲမှာ ဟုမ္မလင်းမြို့နယ်ဇာတိဖြစ်တဲ့ ဦးနန္ဒောဘာသ လည်းပဲ ပျံလွန်တော်မူခဲ့ရကြောင်း မစိုးရိမ်တိုက်သစ်မှ ပျံလွန်တော်မူသွားတဲ့ ဆရာတော်သံဃာတော်များရဲ့ စာရင်းမှ သိရှိရပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းမြို့ နဲ့ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်တို့မှာ လူသေဆုံးမှု၊ နေအိမ်အဆောက်အအုံ ပျက်စီးမှု၊ လမ်း၊ တံတား နဲ့ ဘာဘာရေး အဆောက်အအုံ ပျက်စီးမှု အများအပြား ဖြစ်ပွားခဲ့ပါတယ်။

ပုံအညွှန်း – ဘဝနတ်ထံပျံလွန်တော်မူသွားသော အရှင် ကောသလ္လ (ဟုမ္မလင်းမြေ)

related posts

Leave a Comment