107
မန္တလေးမြို့ Great Wall Hotel အဆောက်အအုံအတွင်း နာရီ ၆၀ ကျော်အကြာ ပိတ်မိနေတဲ့ ကိုယ်ဝန်ဆောင်တစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
Great Wall Hotel အဆောက်အအုံအတွင်းရ ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တရုတ်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ရှာဖွေခဲ့ရာ မတ်လ ၃၁ ရက်နေ့ ၁၂ နာရီ ၄၀ မိနစ်ခန့်မှာ ကယ်ထုတ်နိုင်ခဲ့တာလို့ ဆိုပါတယ်။