33
မြန်မာပြည်မှာ မတ်လ ၂၈ ရက် နေ့လည် ၁ နာရီဝန်းကျင်မှာ ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိတဲ့ အင်အားပြင်း ငလျင်ကြောင့် မန္တလေး ကျုံးမြို့ရိုး ပြိုကျ ပျက်စီးခဲ့တဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။
ထို့အတူ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်နဲ့ နောက်ဆက်တွဲငလျင်ငယ်တွေ လှုပ်ရှားမှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး နဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော် နဲ ပဲခူးတိုင်းဒေသကြီးတို့မှာ ငလျင်ဒဏ်သင့်ခဲ့ရပြီး လူအများအပြား သေဆုံးခဲ့ရသလို လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရပါတယ်။