31
မြန်မာနိုင်ငံမှာ ငလျင်ကြောင့်ဖြစ်ပေါ်သော အကျိုးဆက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရုရှားရဲ့ အရေးပေါ်အခြေအနေဝန်ကြီးဌာနဟာ ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ဆရာဝန်တွေပါဝင်တဲ့ ကယ်ဆယ်ရေး လေယာဉ် ၂ စီးကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံသို့ စေလွှတ်တဲ့ Centrospas လေကြောင်းကယ်ဆယ်ရေးတပ်ဖွဲ့နဲ့ အထူးအန္တရာယ်တွေကို ကိုင်တွယ်တဲ့ Leader စင်တာမှ ကယ်ဆယ်ရေးဝန်ထမ်း ၁၂၀ ပါဝင်ပြီး ၎င်းတို့နဲ့တူ အပျက်အစီးအောက်မှာ ပိတ်မိနေသူများကို ရှာဖွေဖို့ အထူးလေ့ကျင့်ထား ခွေးတွေ၊ မေ့ဆေးဆရာဝန်တွေနဲ့ စိတ်ပညာရှင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။