Home ရိုးရာဓလေ့ ရှမ်းအမျိုးသားနေ့ကျင်းပဖို့ ပြင်နေတဲ့ ရှမ်းနီလူငယ်များ

ရှမ်းအမျိုးသားနေ့ကျင်းပဖို့ ပြင်နေတဲ့ ရှမ်းနီလူငယ်များ

by Homeland Author

လာမယ့် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကျရောက်မယ့် ရှမ်းအမျိုးသားနေ့ အခမ်းအနားကျင်းပနိုင်ဖို့ ဟုမ္မလင်းမြို့နယ်အတွင်းက ရှမ်းနီလူငယ်တွေဟာ ကြိုတင်ပြင်နေမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

(၇၉) နှစ်မြောက် ရှမ်းအမျိုးသားနေ့ အထိမ်းအမှတ်ပွဲတော်ကို ဟုမ္မလင်းဒီဂရီကောလိပ်မှာ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဟုမ္မလင်းဒီဂရီကောလိပ်မှ ရှမ်းနီတိုင်းရင်းသား အနာဂတ်လူငယ်ခေါင်းဆောင် ကျောင်းသား၊ ကျောင်းသူတွေနဲ့အတူ လူငယ်တွေဟာ ကြိုးစားလုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျပ်အတည်းကာလမှာ မိမိတို့ရဲ့ အမျိုးသားရေးစိတ်ဓာတ်တွေ ပျောက်ကွယ်မသွားစေဘဲ ရှင်သန်နေစေဖို့ ရှမ်းနီလူငယ်တွေဟာ ကျရာကဏ္ဍအသီးသီးမှာ ဝိုင်းဝန်းဆောင်ရွက်ကြတာလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကျရောက်မယ့် ရှမ်းအမျိုးသားနေ့ကို ရှမ်းတို့နေထိုင်ရာ ဒေသအသီးသီးမှာ ကျင်းပပြုလုပ်ကြသလို ရှမ်းနီတိုင်းရင်းသားတွေကလည်း ပွဲတော်ကို အစဉ်အဆက် ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

related posts

Leave a Comment