27

Screenshot
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ်၊ ယက်ဖအုပ်စု မန်လီကျေးရွာမှာ ရှမ်းနီအမျိုးသားများတပ်မတော် ( SNA) တပ်မဟာ (၈၉၁) မှဦးဆောင်၍ ခရစ္စမတ်ပွဲတော်ကို ကျင်းပပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
ခရစ္စမတ်ပွဲတော်ဟာ ခရစ်ယာန်ဘာသာဝင်တွေက ယေရှုခရစ်တော် ဖွားမြင်တဲ့နေ့ကို အထိမ်းအမှတ်ပြုတဲ့ နေ့ထူးနေ့မြတ်ဖြစ်ပြီး နှစ်စဉ် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကျင်းပပြုလုပ်ကြတာပဲဖြစ်ပါတယ်။
ဟုမ္မလင်းမြို့နယ်မှာ ရှမ်းနီတိုင်းရင်းသားတွေဟာ လူများစုဖြစ်ပေမယ့် လူနည်းစု ခရစ်ယာန်ဘာသာဝင် ချင်းတိုင်းရင်းသားတွေရဲ့ နေ့ထူးနေ့မြတ်ကို SNA က ဦးဆောင်၍ ကျင်းပပြုလုပ်ပေးခဲ့တာလို့ သိရပါတယ်။
