Home ရိုးရာဓလေ့ ဒေသတွင်း စစ်ဘေးရှောင်တွေအတွက် သျှမ်းနီစာ/ယဉ်များမှ အလှူခံ

ဒေသတွင်း စစ်ဘေးရှောင်တွေအတွက် သျှမ်းနီစာ/ယဉ်များမှ အလှူခံ

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ထိန်ကုန်းကျေးရွာမှာ ကျင်းပနေတဲ့ ရှမ်းနှစ် ၂၁၂၀ ပြည့်နှစ် တိုင်းလျမ်(သျှမ်းနီ)ကောက်ဦးဆွမ်းကပ်လှူပူဇော်ပွဲ နဲ့ နှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်မှာ သျှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းတွေက ပွဲတော်အတွင်း လှည့်လည်အလှူခံ၍ ရရှိလာတဲ့ ငွေကြေးတွေကို ဒေသတွင်း စစ်ဘေးရှောင်တွေအတွက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။

တိုင်းလျမ်(သျှမ်းနီ)ကောက်ဦးဆွမ်းကပ်လှူပူဇော်ပွဲ နဲ့ နှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်မှာ မူလက ဒီဇင်ဘာ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားသော်လည်း စစ်ဘေးရှောင်တွေအတွက် ရန်ပုံငွေရရှိဖို့ ပွဲတော်ရက်ကို ၂ ရက်ထပ်တိုးလိုက်တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ပွဲတော် ၄ ညမြောက်မှာ ဒေသတွင်းစစ်ဘေးရှောင်တွေအတွက် အလှူခံကြပါတယ်။ ပရိတ်သတ်နဲ့ စျေးဆိုင်တွေမှာ အလှူခံလှည့်တာပါ။ အလှူငွေ ၃၉ သိန်းရပါတယ်။ ဒါတွေကို ဒေသတွင်း စစ်ဘေးရှောင်တွေကို လှူဒါန်းသွားမှာပါ” လို့ ပြောပါတယ်။

ဟုမ္မလင်းမြို့နယ် နဲ့ ဗန်းမောက်မြို့နယ်တို့မှာ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူထောင်နဲ့ချီ ဘေးကင်းရာတို့ တိမ်းရှောင်နေကြရပြီး အကူအညီတွေလည်း လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment