Home ရိုးရာဓလေ့ ဘီလူးမြို့မှာ ရှမ်းနီရိုးရာကောက်သစ်စားပွဲတော် ကျင်းပ

ဘီလူးမြို့မှာ ရှမ်းနီရိုးရာကောက်သစ်စားပွဲတော် ကျင်းပ

by Homeland Author

မိုးညှင်းခရိုင်၊ ဘီလူးမြို့မှာ ရှမ်းနီတိုင်းရင်းသားတို့ရဲ့ အထွတ်အမြတ်ထားရာ (၆) ကြိမ်မြောက် ရှမ်းနီရိုးရာ ကောက်သစ်စားပွဲတော် အခမ်းအနားကို မနေ့က နိုဝင်ဘာ ၂၉ ရက်နေ့မှာ စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေတယ်လို့ သိရပါတယ်။

ရှမ်းသက္ကရာဇ် ၂၁၂၀ ခုနှစ် နှစ်သစ်ကူးအထိန်းအမှတ် နဲ့ ရှမ်းနီရိုးရာကောက်သစ်စားပွဲတော်ကို နိုဝင်ဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ၂ ညတိုင်တိုင် ဘီလူးမြို့၊ မဟာရွှေဘုံသာ ဘုရားကြီးကျောင်းတိုက်မှာ ကျင်းပနေတာပါ။

လယ်ယာလုပ်ငန်းခွင် ပြီးဆုံးချိန်မှာ ရရှိလာတဲ့ ကောက်ပဲသီးနှံအသစ်တွေကို ဦးဦးဖျားဖျား ကောက်ဦးဆွမ်းလှူဒါန်းတာ နဲ့ ရှမ်းနီရိုးရာကောက်သစ်စားပွဲတော်ကို ဒေသခံ ရှမ်းနီတိုင်းရင်းသားတွေက စည်ကားစွာ ဆင်နွှဲလျက်ရှိပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း ဗန်းမောက်မြို့နယ် မံစီကြီးဒေသစိတ် မံဝိန်းကျေးရွာမှာ သျှမ်းနီတိုင်းရင်းသားတွေက ၂၁၂၀ ရှမ်းနှစ်သစ်ကူးပွဲတော် နဲ့ သျှမ်းနီကောက်ဦးဆွမ်းကပ်လှူပူဇော်ပွဲကို ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

လာမယ့် ဒီဇင်ဘာ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိကိုလည်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ထိန်ကုန်းကျေးရွာမှာ ရှမ်းနှစ် ၂၁၂၀ ပြည့်နှစ် တိုင်းလျမ်(သျှမ်းနီ)ကောက်ဦးဆွမ်းကပ်လှူပူဇော်ပွဲ နဲ့ နှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်ကို ၃ ရက်တာ ကျင်းပသွားမယ်လို့ သိရပါတယ်။

related posts

Leave a Comment