Home ရိုးရာဓလေ့ ရှမ်းနှစ်သစ်အထိမ်းအမှတ် နမ့်တောမှာ ရှမ်းနီရိုးရာ ကောက်သစ်စားပွဲကျင်းပ

ရှမ်းနှစ်သစ်အထိမ်းအမှတ် နမ့်တောမှာ ရှမ်းနီရိုးရာ ကောက်သစ်စားပွဲကျင်းပ

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နမ့်တောမြို့မှာ ဒီနေ့ နိုဝင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ ရှမ်းနှစ်သစ်အထိမ်းအမှတ် ရှမ်းနီရိုးရာ ကောက်သစ်စားပွဲကို ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ရှမ်းနီတိုင်းရင်းသားတွေဟာ နှစ်သစ်ကူး ကောက်ဦးပေါ်ချိန်မှာ ရှမ်းနီတို့ရဲ့ ရိုးရာဓလေ့အတိုင်း စုပေါင်း၍ ရှမ်းခေါပုတ် (ၶဝ်ႈတမ်းငႃး) ဖြင့် ကောက်သစ်စားကြခြင်း ဖြစ်ပါတယ်။

အဆိုပါပွဲတော်မှာ နှစ်သစ်ကောက်ဦးဆွမ်းကပ်လှူဒါန်းခြင်း၊ သက်ကြီးရွယ်အိုတွေကို ကောက်သစ်များဖြင့် ကန်တော့ခြင်း နဲ့ ရပ်ဝေးရပ်နီး ဆွေမျိုးမိတ်ဆွေတွေကို ဖိတ်ကြား၍ ဧည့်ခံကျွေးမွေးခြင်း စတဲ့ ဓလေ့ထုံးတမ်းတွေကို အစဉ်အလာမပျက် ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

related posts

Leave a Comment