နတ်တော်လဆန်း ၁ ရက်နေ့ဟာ ရှမ်းတိုင်းရင်းသားတို့ရဲ့ နှစ်ဟောင်း ကုန်ဆုံး၍ နှစ်သစ်သို့ ရောက်ရှိတဲ့ နေ့ဖြစ်ပြီး ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းတို့ နေထိုင်အခြေချရာ ဒေသအသီးသီးမှာ ကျင်းပခဲ့ကြပါတယ်။
ရှမ်းနှစ်သစ်ကူးပွဲတော်ကို မြန်မာနိုင်ငံအပါအဝင် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ ၊ တရုတ် နဲ့ အိန္ဒိယနိုင်ငံတို့မှာလည်း ကျင်းပခဲ့ကြပါတယ်။
အလားတူ စစ်ရေးပဋိပက္ခကျယ်ပြန့်စွာ ဖြစ်ပေါ်နေတဲ့ ရှမ်းနီဒေသက ဟုမ္မလင်း မြို့နယ်၊ ဗန်းမောက်မြို့နယ်အပါအဝင် မြစ်ကြီးနား၊ မန္တလေး၊ ရန်ကုန်တို့မှာလည်း ကျင်းပခဲ့ကြပါတယ်။
ရှမ်းတို့ရဲ့ နှစ်သစ်ကူးပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပတာ၊ သူရဲကောင်းတွေကို ဘွဲ့တွေ ချီးမြှင့်တာ၊ စာပေဂီတ အနုပညာရှင်တွေကို ဆုပေးတာ၊ သက်ကြီး ရွယ်အိုတွေကို ဂါရဝပြုတာ စတဲ့ အစဉ်အလာတွေ ရှိခဲ့ကြပါတယ်။
ရှေးရိုးရာ ထုံးတမ်းတွေအရ နှစ်သစ်ကို ကြိုဆိုတာ၊ နှစ်သစ်ကို ဂါရဝပြုတာ၊ ရိုးရာ အစားအစာနဲ့ ဧည့်ခံတာ၊ ကုသိုလ်ကောင်းမှု ပြုတာ၊ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြပါတယ်။၏
အလားတူ နှစ်သစ်ကူး မီးဆုခံထွက်ခြင်းသည်လည်း အိမ်ရှင်ကို ဂါရဝပြုတာ၊ နှစ်သစ်မှာ ဆုမွန်ကောင်းတွေ လာရောက် တောင်းပေးတာ၊ ဆွေမျိုး သားချင်း သဘောဆောင်ခြင်း ဟူသော အနက်ကို ဆောင်တဲ့ ရှေးရိုးရာ အစဉ်အလာကို ထိန်းသိမ်းကြတာပဲ ဖြစ်ပါတယ်။














