မြန်မာစစ်ကောင်စီ နဲ့ တွေ့ဆုံဖို့အတွက် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ရောက်ရှိနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
TNLA ကိုယ်စားလှယ်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားမှ ဦးဆောင်ပြီး၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦးတက်ရောက်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာစစ်ကောင်စီဖက်မှာတော့ ကစထ (၁) မှူးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးမှ ဦးဆောင်ပြီး TNLA နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ AA-TNLA-MNDAA တို့ ဆင်နွှဲခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်က မြို့အများအပြားကို သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနောက် တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် မြန်မာစစ်ကောင်စီနဲ့ ညီနောင် မဟာမိတ်တို့ အပစ်ရပ်ရေး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေးပြဿနာတွေ ပြေလည်နိုင်ဖို့ ဖေဖော်ဝါရီ ၁၆ ရက်မှာ မြန်မာစစ်ကောင်စီနဲ့ TNLA တို့ တွေ့ဆုံမှာ ဖြစ်ပါတယ်။