Home နိုင်ငံရေး မိုးကောင်းမှာ ရှမ်းနီလူမျိုးအများအပြား KIA က တပ်သားသစ်စုဆောင်း

မိုးကောင်းမှာ ရှမ်းနီလူမျိုးအများအပြား KIA က တပ်သားသစ်စုဆောင်း

by Homeland Author

မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပင်းကြိုင်းကျေးရွာမှာ မနေ့က ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က တစ်အိမ်တက်ဆင်းပြီး တပ်သားသစ် စုဆောင်းသွားတယ်လို့ သိရပါတယ်။

တပ်သားသစ်စုဆောင်းခံရသူ အများဆုံးမှာ ရှမ်းနီလူမျိုးတွေဖြစ်ပြီး အသက် ၂၁ နှစ်အရွယ်မှ ၄၅ နှစ်အထိ ပါဝင်တယ်လို့ သိရပါတယ်။

မိုးညှင်းခရိုင်မှာ အခုလတွေအတွင်း KIA ရဲ့ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခံနေရတဲ့ လူငယ်တွေ ရာချီ ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကလည်း နန်းမား နဲ့ ဟိုပင်ကြားမှာ ဆီသွားသယ်တဲ့သူ ရာဂဏန်းနီးပါးကို KIA က တပ်သားသစ်စုဆောင်းသွားတယ်လို့ ပြောပါတယ်။

အခု ဇန်နဝါရီအတွင်း အင်းတော်ကြီးဒေသ မိုင်းနောင်၊ မမုန်ကိုင်၊ လုံးကောက်၊ နမ့်ဖောင်ဆည်ကျေးရွာတွေကိုလည်း နေအိမ်အထိ တက်ရောက်ပြီး လူငယ် ၂၀၀ ဝန်းကျင်ကိုတပ်သားသစ်စုဆောင်းကာ တပ်ရင်း ၂၆ ကို ပို့ပြီး သင်တန်းပေးနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment