Home စစ်ရေး မိမိတို့ ရရှိထား အောင်မြင်မှုရဲ့ အသီးအပွင့်တွေ တာရှည်ခံပြီး ဖွံ့ဖြိုးလာဖို့ အစမ်းသပ်ခံကာလဟု AA နဲ့ TNLA ပြော

မိမိတို့ ရရှိထား အောင်မြင်မှုရဲ့ အသီးအပွင့်တွေ တာရှည်ခံပြီး ဖွံ့ဖြိုးလာဖို့ အစမ်းသပ်ခံကာလဟု AA နဲ့ TNLA ပြော

by Homeland Author

မိမိတို့ လက်ရှိ ရရှိထားတဲ့ အောင်မြင်မှုရဲ့ အသီးအပွင့်တွေ တာရှည်ခံပြီး ပိုမိုဖွံ့ဖြိုးလာဖို့ အစမ်းသပ်ခံ ကာလတွေ ဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ကိုးကန့်တပ်ဖွဲ့ (MNDAA) ရဲ့ ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်မြောက် အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

MNDAA ဟာ ကိုးကန့်ပြည်သူတစ်ရပ်လုံး၊ မိမိတို့ ညီနောင်မဟာမိတ်နှစ်ဖွဲ့နဲ့အတူ လက်တွဲပြီး အဖွဲ့အစည်းရဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေကို တစိုက်မတ်မတ် မရပ်မနား နောက်မဆုတ်ဘဲ ကြိုးစားလာခဲ့တာကြောင့် အခုချိန်မှာ ကိုးကန့်အမျိုးသားထု တစ်ရပ်လုံးနဲ့ MNDAA အဖွဲ့အစည်းရဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက် အလုံးစုံ အထမြောက်ခဲ့ပြီလို့ ဆိုပါတယ်။

စစ်ရေး၊ နိုင်ငံရေးတွေ အထမြောက်သည့်နည်းတူ ကိုးကန့်ဒေသ အခုထက် အေးချမ်းသာယာ၊ စည်ပင်၊ ဖွံ့ဖြိုးတိုးတက်သည်အထိ ဆက်လက်ကြိုးပမ်းအားထုတ်ဖို့ကိုလည်း ညီနောင်မဟာမိတ် စိတ်ဓါတ်အပြည့်နဲ့ တိုက်တွန်းတယ်လို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

မိမိတို့ ညီနောင်ဟာမိတ် ၃ ဖွဲ့အနေနဲ့ တစ်ဖွဲ့ချင်းစီရဲ့ ရည်မှန်းချက်၊ ဘုံရည်မှန်းချက်တွေအတွက် စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ အတူတကွ ဆက်လက်ချီတက်လာတာဟာ နှစ်ပေါင်း ၁၅ နှစ်ခန့် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စည်းလုံးမှုဟာ အခုနောက်ပိုင်းပေါ်လာတဲ့ တော်လှန်ရေးအဖွဲ့တွေအတွက် အတုယူစရာ စံပြဖြစ်ခဲ့ရသည်မှာ အမှန်ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ MNDAA အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေဟာ အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပြီး ဖြစ်သော်လည်း အောင်မြင်မှုနဲ့အတူ အခက်အခဲ၊ အတားအဆီးတွေဟာ ဒွန်တွဲလျက် ပါလာတတ်တယ်ဆိုတာကိုလည်း သတိမူ၊ ဂရုပြုသင့်ကြောင်း ဆိုပါတယ်။

MNDAA စတင်ဖွဲ့စည်းတဲ့ ၃၆ နှစ်မြောက်ကာလမှစတင်၍ လာမယ့်ကာလတွေဟာ ကိုးကန့်ဒေသ ပြန်လည်တည်ဆောက်ရေး နဲ့ ပြည်လည်ဖွံ့ဖြိုးရေးတို့အတွက် စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်ရဦးမယ်ဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ပြိုက်နက်တည်း ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေ ရှိလာပါက မိမိတို့ ညီနောင်နှစ်ဖွဲ့အနေဖြင့် ယခင်နည်းတူ ညီနောင်မဟာမိတ်ပီသစွာနဲ့ စုစည်းကျော်ဖြတ်သွားကြဖို့ အမြဲအသင့်ရှိကြောင်း ဖော်ပြထားပါတယ်။

မိမိတို့ ညီနောင်မဟာမိတ် ၃ ဖွဲ့အကြား စည်းလုံးညီညွတ်မှု၊ နားလည်မှု၊ အခုထက်ပို၍ ခိုင်မာသည်ထက်ခိုင်မာအောင် ဆက်လက်လုပ်ဆောင်သွားကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

related posts

Leave a Comment