Home နိုင်ငံရေး ဗမာမဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်ဝါဒတွေကို ရင်ဆိုင်ကြုံတွေခဲ့ရဟု KNU ဥက္ကဋ္ဌ ပြော

ဗမာမဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်ဝါဒတွေကို ရင်ဆိုင်ကြုံတွေခဲ့ရဟု KNU ဥက္ကဋ္ဌ ပြော

by Homeland Author

၂၀၂၁ ခုနှစ်၊ ဗမာစစ်တပ်ရဲ့ တိုင်းပြည်အာဏာ သိမ်းခဲ့တာဟာ ကရင်အမျိုးသားနဲ့ လူမျိုးစုတွေရဲ့ လိုလားချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေကို ဆန့်ကျင်မျက်ကွယ်ပြုခဲ့တာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌက ပြောပါတယ်။

ဒါ့အပြင် လူမျိုးစုတွေဟာ ဗမာမဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်ဝါဒတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်မှာ ကျရောက်တဲ့ (၇၇) နှစ်ပြည့် ကရင်အမျိုးသားနေ့ အထိမ်းအမှတ် မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

KNU ဥက္ကဋ္ဌက “လူမျိုးစုတွေဟာ ဗမာမဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်ဝါဒတွေကို ရင်ဆိုင် ကြုံတွေ့ခဲ့ရသလို ဗမာလူမျိုးတွေဟာလည်း ဒီမိုကရေစီလမ်းစဉ်နဲ့ လူမှုဘဝ ကြီးပွားတိုးတက်ရေးကို မျက်ကွယ်ပြုတဲ့ စစ်အာဏာရှင်ဝါဒီတို့ရဲ့ အုပ်ချုပ်ရေးကို ကြုံတွေ့နေရာတာလည်း ဖြစ်ပါတယ်။ အာဏာရှင်ဝါဒ ပြိုလဲကျဖို့ ကျနော်တို့အားလုံး စုပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

မိမိတို့ ကရင်လူမျိုးတွေရဲ့ ရန်သူဖြစ်တဲ့ မဟာလူမျိုးကြီးဝါဒ နဲ့ အာဏာရှင်ဝါဒ ကျင့်သုံးတဲ့ သူတွေကို ဆန့်ကျင်ဖယ်ရှားသွားမယ်ဆိုတဲ့ သန္နိဌာန်ကိုလည်း မြဲမြံစွာ ကိုင်စွဲရပ်တည်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နေရာအနှံ့အပြားမှာရှိနေတဲ့ ကရင်လူမျိုးတွေအနေနဲ့ ကိုယ်ရှိတဲ့နေရာက လူမျိုးစုတွေနဲ့ လက်တွဲပြီး ကရင်လူမျိုးတို့ရဲ့ ဖြစ်တည်မှု ရေရှည်တည်တံ့ခြင်း နဲ့ လူမျိုးစုတွေ ပြည်သူလူထုတွေရဲ့ ဖွံ့ဖြိုးတိုးတက်ကြီးပွားခြင်းတို့ကို အဟန့်အတား ပြုနေတဲ့ အာဏာရှင်ဝါဒကို ဖြိုချတိုက်ဖျက်သွားကြဖို့လည်း တိုက်တွန်းထားပါတယ်။

related posts

Leave a Comment