16
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဇန်နဝါရီ ၂၇ ရက်က ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ထိန်းချုပ်နယ်မြေကို KIA/PDF ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်အထိ နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ အဲဒီနောက် KIA/PDF တို့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
ကြောင်လည်၊ ပင်းခါးကျေးရွာတွေဟာ နှစ်ဖက်တိုက်ပွဲကြောင့် မီးလောင်ပျက်စီးခဲ့သလို KIA/PDF တို့ ပြန်လည်ဆုတ်ခွာစဉ် နေအိမ်အချို့ကိုလည်း မီးရှို့သွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။