Home ပညာရေး ချင်းတွင်းဥရုရှမ်းနီလူငယ် (ပါရမီ) စာကြည့်တိုက်အတွက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် သိန်းနှစ်ရာလှူဒါန်း

ချင်းတွင်းဥရုရှမ်းနီလူငယ် (ပါရမီ) စာကြည့်တိုက်အတွက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် သိန်းနှစ်ရာလှူဒါန်း

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့မှာ ဖွင့်လှစ်ထားတဲ့ ချင်းတွင်းဥရုရှမ်းနီလူငယ် (ပါရမီ) စာကြည့်တိုက်အတွက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကျော်မှ ငွေကျပ် သိန်း ၂၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ချင်းတွင်းဥရုရှမ်းနီ လူငယ်ကွန်ရက်အကြီးအကဲ ဦးစိုင်းနိုင်နိုင်ကျော်က ဦးစီး၍ ရှမ်းနှစ် (၂၁၂၀) နှစ် ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ်အနေဖြင့် အဆိုပါ ချင်းတွင်းဥရုရှမ်းနီလူငယ်(ပါရမီ) စာကြည့်တိုက်ဖွင့်ပွဲကို နိုဝင်ဘာ ၂၀ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာပါ။

ဒါကြောင့် ချင်းတွင်းဥရုရှမ်းနီလူငယ် (ပါရမီ) စာကြည့်တိုက်အတွက် လိုအပ်တဲ့ စာအုပ်တွေ ဝယ်ယူနိုင်ရေး စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသသို့ ရောက်ရှိနေတဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်က လှူဒါန်းခဲ့တာလို့ သိရပါတယ်။

အဆိုပါ ချင်းတွင်း-ဥရုရှမ်းနီလူငယ်(ပါရမီ) စာကြည့်တိုက်ရဲ့ အဆောက်အဦတန်ဖိုးမှာ ကျပ်သိန်း ၁၆၀၀ ကျော်ရှိပြီး၊ စာကြည့်တိုက်အတွင်း Computer ၁၀ လုံး နဲ့ သုတ/ရသစာအုပ်စုစုပေါင်း ၃၀၄၇ အုပ်ဖြင့် စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

related posts

Leave a Comment