Home ပညာရေး ရည်မှန်းထားတဲ့ ပညာရေး ဒီထက်မက ဆောင်ရွက်သွားမယ်လို့ တားဘုန်းကျော် ပြော

ရည်မှန်းထားတဲ့ ပညာရေး ဒီထက်မက ဆောင်ရွက်သွားမယ်လို့ တားဘုန်းကျော် ပြော

by Homeland Author

မိမိတို့ ရည်မှန်းထားတဲ့ ပညာရေးဟာ ဒီထက်မက ပိုမိုဆောင်ရွက်သွားမယ်လို့ တအာင်းတပ် (TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က TEA ကျောင်းရဲ့ ဆရာအတတ်ပညာ ဒီပလိုမာဘွဲ့ ပေးအပ်ခြင်း အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ တအာင်းပညာရေးအကယ်ဒမီ (Ta’ang Education Academy-TEA) မှ အပတ်စဉ် (၁) ကျောင်းသား/သူတွေကို ဆရာအတတ်ပညာဒီပလိုမာအပ်နှင်းပွဲအခမ်းအနားကို  ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

ဗိုလ်ချုပ်တားဘုန်းကျော်မှ ” တော်လှန်ရေး နှစ်ပေါင်း (၇၀)ကျော်ကြာသောကြောင့် ပညာရေးလည်းဖိနှိပ်ခံခဲ့ရသလို အာဏာသိမ်းပြီးနောက်ပိုင်းလည်း ပညာရေးသည် ပျက်စီးသွားခဲ့ပြီး ထူးချွန်းသည့် ဆရာ/မများ လည်း CDM ပြုလုပ်ကာ တော်လှန်ရေးနယ်ပယ်ထဲသို့ ဝင်ရောက်လာကြသည်။ ထိုကြောင့် မိမိတို့ပညာရေးသည် ယခုထက် ပွင့်လင်းလွတ်လပ်မှုဖြစ်ရန်အတွက် အထူးပင်အားပေးသည်။ မိမိနားလည်းထားသည့် ပညာရေးသည် သက်ဆိုင်ရာအာဏာပိုင်းများ၊ ယူနီဖောင်းဝတ်ထားသည့်သူများ၊ လက်နက်ကိုင်သည့်သူများ၊ လုပ်ပိုင်ခွင့်ရှိသည့် သမ္မတများ ခြယ်လှယ်ခွင့်မရှိပေ။ ပညာရေးတိုးတတ်မှုရေးအတွက် ပညာရေးအဖွဲ့အစည်းမှ လွတ်လပ်စွာ ဆုံးဖြတ်ရမည်။ ကျနော်တို့ရည်မှန်းထားသည့် ပညာရေးသည် ဒီထက်မက ပိုမိုဆောင်ရွက်သွားမည်” ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အခမ်းအနားမှာ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိူဝ်ပ္လါင်၊ အထွေထွေ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး တားပန်လ၊ တအာင်းပြည်ပညာရေးကောင်စီ -TLEC ဥက္ကဌ ဒီဒီပို;စေင်၊ ပါမောက္ခ ဒေါက်တာဟောည်၊ ဒေါက်တာမျိုးသန့်ထွန်း နဲ့ ဆရာ/မတွေ၊ ကျောင်းသား/သူတွေအပါအဝင်  ပြည်သူလူထုတွေ စုစုပေါင်း လူဦးရေ ၁၂၀၀ ဦးကျော် တက်ရောက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

အဲဒီ အခမ်းအနားမှာ ထူးချွန်တဲ့ သင်တန်းသူ/သားတွေကို ဆုချီးမြှင့်ပေးတာ သင်ကြားပေးတဲ့ ဆရာ/မတွေကို ဂုဏ်ပြုချီးမြှင့်တာ ဒီပလိုမာဘွဲ့ပေးအပ်တာတွေကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

တအာင်းပညာရေးအကယ်ဒမီ (TEA) ကျောင်းရဲ့ အပတ်စဉ် (၁) မှာ သင်တန်းသူ (၂၆) ဦး၊ သင်တန်းသား (၉၁) ဦး စုစုပေါင်း (၁၁၇)ဦးရှိပြီး ၎င်းတို့ကို ဆရာ/မအဖြစ် (၁)နှစ်သာ တာဝန်ထမ်းဆောင်ပြီးနောက် အခုလို ဒီပလိုမာဘွဲ့ပေးအပ်ချီးမြှင့်ပေးခဲ့တာလို့ ဆိုပါတယ်။

related posts

Leave a Comment