Home ပညာရေး မွန်အမျိုးသားကောလိပ်နဲ့ ချင်းမိုင်က CMRU တက္ကသိုလ် ပူးပေါင်းရေး လက်မှတ်ထိုး

မွန်အမျိုးသားကောလိပ်နဲ့ ချင်းမိုင်က CMRU တက္ကသိုလ် ပူးပေါင်းရေး လက်မှတ်ထိုး

by Homeland Author

မွန်အမျိုးသားကောလိပ် (MNC) နဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Chiang Mai Rajabhat University (CMRU) တို့ကြား အဆင့်မြင့်ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။

MOU လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ချင်းမိုင်မြို့ရှိ Rajabhat တက္ကသိုလ်မှာ မနေ့က ဇန်နဝါရီ ၁၅ ရက်မှာ နှစ်ဖက်တာဝန်ရှိပုဂ္ဂိုလ်တို့ တွေ့ဆုံကာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ လက်မှတ်ရေးထိုးခြင်းပွဲကို မွန်အမျိုးသားကောလိပ်မှ ကျောင်းအုပ်ကြီး နိုင်ပညာမွန်နဲ့အတူ မွန်အမျိုးသားပညာရေးကော်မတီ(MNEC) ဥက္ကဌ နိုင်အေးမွန်၊ လူမှုရေးသိပ္ပံဘာသာပြ ဌာနာမှုး နိုင်မြင့်သန်း၊ မွန်အမျိုးသားပညာရေးကော်မတီနှင့် မွန်အမျိုးသားကောလိပ်မှ တာဝန်ရှိသူများနှင့် Rajabhat တက္ကသိုလ် ဥက္ကဌ ပါမောက္ခ Assoc. Prof. Dr. Chatri Maneekosol၊ အတွင်းရေးမှူးအဖွဲ့ ဒုတိယ ဥက္ကဌ Asst. Prof. Dr. Dusadee Rangsichatchawan၊ နိုင်ငံတကာရေးရာ ဌာနမှူး Prof. Dr. Worasuda Wattanawong နဲ့ နိုင်ငံတကာရေးရာ ဒုဌာနမှူး Kamolwan Sangseekaew တို့ တက်ရောက်ခဲ့ကြပါတယ်။

Rajabhat တက္ကသိုလ်နဲ့ လက်မှတ်ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာအရ ကျောင်းနှစ်ကျောင်းကြား အဆင့်မြင့်ပညာရေးပူးပေါင်းခြင်းကို ၅ နှစ်ကြာ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းသားတွေအကြား ပညာရေးဆိုင်ရာ ဆွေးနွေးဖလှယ်မှုတွေ ပြုလုပ်နိုင်ရေး၊ တက္ကသိုလ်နှစ်ခုရဲ့ ဘွဲ့အရည်အချင်းတွေကို အသိအမှတ်ပြုရေး၊ ဆရာ/ဆရာမတွေကြား ပညာရေးဆိုင်ရာ ဖလှယ်မှုတွေ ပြုလုပ်နိုင်ရေး၊ သုတေသနတွေနဲ့ ပုံနှိပ်ထုတ်ဝေမှုတွေ ပူးပေါင်းဆောင်ရွက်ရေး စတဲ့အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

မွန်အမျိုးသားကောလိပ် (MNC) ဟာ ပြီးခဲ့သည့်နှစ်က ချင်းမိုင်မြို့ရှိ Payap တက္ကသိုလ်၊ အမေရိကန်နိုင်ငံ Fort Wayne မြို့ရှိ Purdue တက္ကသိုလ်တို့နဲ့ အဆင့်မြင့်ပညာရေးပူးပေါင်းရေး နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မဟာချုလာလောင်ကွန်းတက္ကသိုလ်၊ ချင်းရိုင်မြို့ရှိ Chiang Rai Rajabhat University(CRRU) တက္ကသိုလ်၊ အမေရိကန်နိုင်ငံရှိ အာရီဇိုးနားတက္ကသိုလ်(University of Arizona) တို့နဲ့လည်း နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးနိုင်ရေး တွေ့ဆုံဆွေးနွေးထားတယ်လို့ သိရပါတယ်။

related posts

Leave a Comment