Home » AA ရဲ့ ကြိုးပမ်းမှုဟာ တိုင်းရင်းသားအသီးသီးအတွက် အတုယူဖွယ်ဟု TNLA နဲ့ MNDAA တို့ ပြော

AA ရဲ့ ကြိုးပမ်းမှုဟာ တိုင်းရင်းသားအသီးသီးအတွက် အတုယူဖွယ်ဟု TNLA နဲ့ MNDAA တို့ ပြော

by Homeland Author

လက်ရှိအချိန်မှာ အာရက္ခတပ်တော် (AA) [m ရခိုင်ပြည်နယ်ရှိ ပြည်သူလူထုတစ်ရပ်လုံးအတွက် ပိုမိုကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုနဲ့ လုံခြုံစိတ်ချရတဲ့ လူမှုဘဝကို ပေးစွမ်းဖို့ တော်လှန်ရေးလောကဓံကို ကြံ့ကြံ့ခံ၍ မြို့နယ်အားလုံးနီးပါးကိုလည်း သိမ်းပိုက်အုပ်ချုပ်ထားနိုင်ခဲ့ပြီး ဖြစ်ကြောင်း ဆိုပါတဘ်။

“စည်းလုံးခြင်းသည် အင်အား” ဆိုတဲ့ AA နဲ့ ရခိုင်ပြည်သူလူထုတို့ရဲ့ ခိုင်မာသောမျှော်မှန်းချက်တို့နဲ့အတူ ဥမကွဲ သိုက်မပျက် ကြိုးပမ်းအားထုတ်မှု၊ စွန့်လွှတ်အနစ်နာခံမှုနဲ့ စည်းလုံးညီညွတ်မှုရလဒ်ဖြစ်ပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသားအသီးသီးတို့အတွက် အတုယူဖွယ်သက်သေပြချက် တစ်ရပ်ပင် ဖြစ်တယ်လို့ ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ် (TNLA) တို့က ပြောပါတယ်။

ဒီနေ့ အာရက္ခတပ်တော်တည်ထောင်ခြင်း (၁၇) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ညီနောင်မဟာမိတ်ဖြစ်ကြတဲ့ MNDAA နဲ့ TNLA တို့မှ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာမှာ ထည့်သွင်းဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

အဘက်ဘက်မှ နိုင်ငံရေး၊ စစ်ရေးဖိအားတွေကို ရင်ဆိုင်ကျော်လွှားကာ ရခိုင်ပြည်သူတွေအားလုံးအတွက်သာမက မြန်မာပြည်သူလူထုတစ်ရပ်လုံး လွတ်မြောက်ရေးအတွက် အခက်အခဲစိန်ခေါ်မှုကြားကပင် ကျားကုတ်ကျားခဲ ကူညီဖြည့်ဆည်းပေးနိုင်ခဲ့တာကိုလည်း ဂုဏ်ယူဝမ်းမြောက်စွာ တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။

တော်လှန်ပြည်သူတွေနဲ့တသားတည်း ရပ်တည်၍ လူထုတော်လှန်ရေးအတွက် ပံ့ပိုးကူညီမှုတွေ နဲ့ လမ်းညွှန်မှုတွေအတွက် ကြိုးပမ်းမှုတို့ဟာ AA ရဲ့ ချီးကျူးလေးစားဖွယ်ကောင်းတဲ့ တော်လှန်ရေးနှလုံးရည်နဲ့ မဟာမိတ်အပေါ်ထားရှိတဲ့ ညီနောင်မဟာမိတ်စိတ်ဓာတ်ကို ပေါ်လွင်စွာ ထင်ဟပ်နေတယ်လို့ ပြောပါတယ်။

မိမိတို့ညီနောင်မဟာမိတ်တို့ဟာ တိုင်းရင်းသားအသီးသီးတို့မှ လိုလားတောင့်တကြတဲ့ လွတ်လပ်၍ တရားမျှတမှုပြည့်ဝသော အေးချမ်းကြွယ်ဝသော ဒေသပေါ်ထွန်းလာစေရေးတို့အတွက် “ရည်မှန်းချက်တူလျှင် မဟာမိတ်တည်” ဆိုသကဲ့သို့ ညီအစ်ကိုအရင်းပမာ တော်လှန်တိုက်ပွဲများစွာကို အတူဆင်နွှဲခဲ့ကြတယ်လို့ ဆိုပါတယ်။

အနာဂတ်မှာလည်း မိမိတို့ဟာ ညီနောင်မဟာမိတ်ပီပီ ချစ်ကြည်ရင်းနှီးမှု မပျက်ဘဲ အချင်းချင်းဖေးမကူညီ၍ တော်လှန်ရေးမျှော်မှန်းချက်ရောက်ရှိတဲ့အထိ အတူတကွကြိုးပမ်းသွားကြမည်ဖြစ်ကြောင်း ကတိသစ္စာပြုတယ်လို့ ဆိုပါတယ်။

related posts

Leave a Comment