၂၀၂၆ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့က နိုင်ငံတော်သမ္မတအဖြစ် ဦးမင်းအောင်လှိုင်၊ ဒုတိယသမ္မတ (၁) အဖြစ် ဦးညိုစော နဲ့ ဒုတိယသမ္မတ (၂) အဖြစ် ဒေါ်နန်းနီီီီီနီအေးအေတို့ ရွေးချယ်တင်မြှောက်ခြင်း ခံရတဲ့အတွက် ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (SSP) နဲ့ ရှမ်းနီ (တိုင်းလျန်) ပြည်သူတွေမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုတယ်လို့ SSP ပါတီက သဝဏ်လွှာပို့ပါတယ်။
နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ဦးဆောင်မယ့် အစိုးရအဖွဲ့သစ် အနေဖြင့် နိုင်ငံတော်ရဲ့ လက်ရှိအကျပ်အတည်းတွေကို အောင်မြင်စွာဖြေရှင်းနိုင်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားပြည်သူအများ ပြန်လည်သင့်မြတ်ရေး နဲ့ စည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စုတစ်ဝန်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံတကာဆက်ဆံရေးတို့ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါစေကြောင်း SSP ပါတီမှ ဆုမွန်ကောင်း တောင်းထားပါတယ်။
ပြည်ထောင်စုကြီးအပေါ်ထားရှိတဲ့ ရှမ်းနီ (တိုင်းလျန်) တိုင်းရင်းသားတို့ရဲ့ စိတ်ရင်းစေတနာနဲ့ သစ္စာစောင့်သိမှုတွေကို အသိအမှတ်ပြုလျက် ပြည်ထောင်စုအတွင်း မိမိတို့လူမျိုးတွေရဲ့ ဖြစ်တည်မှုနဲ့ အခွင့်အရေးများကို အလေးထားဖော်ဆောင်ပေးမယ်လို့လည်း လေးနက်စွာ ယုံကြည်မျှော်လင့်တယ်လို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတာပဲ ဖြစ်ပါတယ်။