Home နိုင်ငံရေး ဟုမ္မလင်းမြို့နယ်၊ မိုဘိုင်းလွတ်မှာ ရှမ်းနီပါတီ နဲ့ ဒေသခံတို့ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စ ဆွေးနွေး

ဟုမ္မလင်းမြို့နယ်၊ မိုဘိုင်းလွတ်မှာ ရှမ်းနီပါတီ နဲ့ ဒေသခံတို့ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စ ဆွေးနွေး

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မိုဘိုင်းလွတ်မြို့မှာ ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းမှာ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP) မှ ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ဒေသခံတိုင်းရင်းသားတို့ ဒေသဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ တွေ့ဆုံဆွေးနွေးပွဲကို ရှမ်းနီပါတီ (SSP) မှ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံ ရှမ်းနီတိုင်းရင်းသားတွေနဲ့အတူ ဒေသတွင်း အတူတကွ မှီတင်းနေထိုင်ကြတဲ့ ကူကီးခေါင်ဆိုင်၊ တန်ကွန်နာဂ နဲ့ ကိုကနာဂ တိုင်းရင်းသားတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက “ဒေသတွင်းမှာရှိတဲ့ တိုင်းရင်းသားညီအစ်ကိုတွေ အားလုံးရဲ့ အသံကို နားထောင်ပြီး အတူတကွ လက်တွဲဆောင်ရွက်သွားဖို့ ဒီကနေ့ တွေ့ဆုံပွဲဟာ အလွန်အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်” လို့ မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ ရင်းနှီးပွင့်လင်းစွာ မိတ်ဆက်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံ တိုင်းရင်းသားတွေအကြား အပြန်အလှန် ရင်းနှီးမှုရရှိစေဖို့ မိတ်ဆက်စကားတွေ ပြောကြားကြပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဒေသခံ တိုင်းရင်းသားအားလုံးရဲ့ စားဝတ်နေရေး၊ ပညာရေး နဲ့ ကျန်းမာရေး အပါအဝင် လူမှုစီးပွားဘဝတွေ မြှင့်တင်နိုင်မယ့် နည်းလမ်းတွေကို နှီးနှောဖလှယ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဒေသတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ စည်းလုံးညီညွတ်စွာဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဝိုင်းဝန်းဖော်ဆောင်ကြဖို့ ပွင့်လင်းမြင်သာစွာ တိုင်ပင်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

related posts

Leave a Comment