ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့မှ ခေါင်းဆောင် ဗိုလ်နဂါးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ စစ်တပ်ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီနေ့ ညနေ ၄ နာရီ ၅၀ မိနစ်မှာ BNRA မှ ခေါင်းဆောင် နိုင်လင်း (ခေါ်) ဗိုလ်နဂါးဟာ ၎င်းရဲ့ မိသားစုဝင်နဲ့အတူ လက်နက်မျိုးစုံ ၆ လက်၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ အလင်းဝင်လာတာလို့ဆိုပါတယ်။
မနေ့က မနက် ၇ နာရီခွဲမှာတော့ ပုလဲမြို့နယ်အတွင်းက NUG ရဲ့ MOD တပ်ရင်းတွေဟာ BNRA ဂိတ်စခန်းတွေကို လက်နက်ကြီးပစ်ခတ်တာ နဲ့ ဒရုန်းဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်နဂါးက ပြောကြားထားပါတယ်။
နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး BNRA ရဲဘော်တွေ သေဆုံးမှုတွေလည်း ရှိခဲ့သလို ဖမ်းဆီးခံရမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
