Home နိုင်ငံရေး ပေါ်တာဆွဲတဲ့ တမူး PDF တွေကို ဒေသခံတွေ ဆန္ဒပြ

ပေါ်တာဆွဲတဲ့ တမူး PDF တွေကို ဒေသခံတွေ ဆန္ဒပြ

by Homeland Author

ဒေသခံအရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေတယ်လို့ဆိုပြီး စစ်ကိုင်းတိုင်း‌ဒေသကြီး တမူးမြို့နယ်အတွင်းက PDF တွေကို အရပ်သား တွေက ဖေဖော်ဝါရီ ၁၅ ရက် နဲ့ ၁၆ ရက်တို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

တမူးမြို့နယ်အတွင်းက မင်းသမီးကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ ရွာသာကျေးရွာ၊ ဘုက္ကန်ကျေးရွာ စတဲ့ကျေးရွာတွေက ပါဝင်ခဲ့ကြပြီး အဲ့ဒီရွာတွေက ဒေသခံအမျိုးသားတွေဟာ PDF တွေရဲ့ ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပါတယ်။

ဒါကြောင့် သူတို့ရဲ့ အမျိုးသမီးတွေ နဲ့ မိသားစုတွေက အခုလို ဆန္ဒပြကြတာဖြစ်ပြီး “PDFအလိုမရှိ၊ ဖမ်းဆီးထားသူတွေကို ချက်ချင်းလွှတ်” စတဲ့ကြွေးကြော်မှုတွေနဲ့ အမျိုးသမီးအများစုပါဝင်တဲ့ လူအုပ်က ဆန္ဒပြချီတက်ခဲ့ကြတာပါ။

တမူး PDF တွေဟာ ဒေသခံတွေကို ညဖက်မှာ လိုက်လံဖမ်းဆီးတာ၊ တောင်သူတွေရဲ့ ယာတောတွေအထိ လိုက်လံပေါ်တာဆွဲတာတွေ လုပ်ဆောင်နေတာကြောင့် အခုလို ဆန္ဒပြကြတာလို့ သိရပါတယ်။

related posts

Leave a Comment