Home နိုင်ငံရေး AA စစ်ဦးစီးချုပ် နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံ

AA စစ်ဦးစီးချုပ် နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံ

by Homeland Author

အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ချင်းပြည်နယ်၊ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC/MDF အကြီးအကဲတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ တွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အရင်ကတည်းက မဟာမိတ်ထက်ပိုတဲ့ ဂရုစိုက်မှု နဲ့ ဖော်ရွေမှုတွေ ပေးခဲ့တဲ့အတွက် AA ကို ကျေးဇူးတင်ရှိတယ်လို့ ဆိုပါတယ်။

အနာဂတ်မှာလည်း မိတ်ဖက်စိတ်ဓာတ်၊ ယုံကြည်မှု နဲ့ နားလည်မှုတွေအပေါ် အခြေခံကာ ပိုမိုခိုင်မာတဲ့ လက်တွဲပူးပေါင်းမှုတွေ တည်ဆောက်သွားလိုပါတယ်လို့ မရာလဲန်းအုပ်ချုပ်ရေးကောင်စီက ဖော်ပြပါတယ်။

မရာလဲန်းကာကွယ်ရေးတပ် (MDF) ဟာ ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်ပြီး အဲဒီချင်းညီနောင်တပ်ဖွဲ့ဝင်တွေကို AA က စစ်ရေးဆိုင်ရာကူညီမှုတွေ ပေးနေတာဖြစ်ပါတယ်။

related posts

Leave a Comment