Home နိုင်ငံရေး သျှမ်းအမျိုးသားနေ့ အခမ်းအနား ဟုမ္မလင်းမှာ ကျင်းပ

သျှမ်းအမျိုးသားနေ့ အခမ်းအနား ဟုမ္မလင်းမှာ ကျင်းပ

by Homeland Author

ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကျရောက်တဲ့ သျှမ်းအမျိုးသားနေ့ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရှမ်းနီတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးစီးကျင်းပတဲ့ အဲဒီ သျှမ်းအမျိုးသားနေ့ အခမ်းအနားကို ဟုမ္မလင်းမြို့မ ဆရာတော် အရှင်ဣဒဝံသ၊ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) မှ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ စစ်ကိုင်းတိုင်း တိုင်းရင်းသားရေးရာဝန်ကြီး စိုင်းလှိုင်ငြိမ်း၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ၊ ဟုမ္မလင်း ရှမ်းစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့ နဲ့ ဟုမ္မလင်းဒီဂရီကောလိပ်မှ ဌာနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်ရာ ဒေသအသီးသီးမှာ သျှမ်းအမျိုးသားနေ့ကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြပြီး (၇၉) ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ကို ဟုမ္မလင်းဒီဂရီကောလိပ်မှာ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်မှာ ကျရောက်တဲ့ (၇၉) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဌာနချုပ်အပါအဝင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ သျှမ်းမျိုးနွယ်စုတို့ နေထိုင်ရာ ဒေသအသီးသီးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

related posts

Leave a Comment