Home နိုင်ငံရေး စည်းလုံးညီညွတ်တဲ့ သျှမ်းပြည်ကြီးအဖြစ် ရပ်တည်နိုင်ပါစေကြောင်း SNA သဝဏ်လွှာပို့

စည်းလုံးညီညွတ်တဲ့ သျှမ်းပြည်ကြီးအဖြစ် ရပ်တည်နိုင်ပါစေကြောင်း SNA သဝဏ်လွှာပို့

by Homeland Author

ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကျရောက်တဲ့ သျှမ်းအမျိုးသားနေ့မှသည် နောင်နှစ်ပေါင်းများစွာ ကမ္ဘာတည်သရွေ့ ငြိမ်းချမ်းစွာဖြင့် တောင်းတင်းခိုင်မာ၍ စည်းလုံးညီညွတ်တဲ့ ထာဝရသျှမ်းပြည်ကြီးအဖြစ် ရပ်တည်နိုင်ပါစေကြောင်း ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ (SNUC)၊ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါတယ်။

(၇၉) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ကို မိမိတို့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က လှိုက်လဲစွာ ကြိုဆိုကြောင်း ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အမျိုးသားနေ့ဟူသည် အမျိုးသားပြည်သူလူထုတစ်ရပ်လုံး ဂုဏ်ယူလေးစားအားကျဘွယ်၊ တန်ဘိုးထား၊ စံပြအတုယူဘွယ်၊ အမှတ်ရအောက်မေ့ဘွယ် စတဲ့ ဂုဏ်ထူးဝသေသတွေ နဲ့ ပြည့်စုံတဲ့ နေ့ထူး၊ နေ့မြတ်တွေကို ရွေးချယ်သတ်မှတ်လေ့ ရှိတယ်လို့ ဆိုပါတယ်။

အခု ကျင်းပပြုလုပ်တဲ့ သျှမ်းပြည်အမျိုးသားနေ့ဟာ သျှမ်းလူထုအပေါင်း နဲ့ သျှမ်းလူထုခေါင်းဆောင်တွေ လက်တွဲပြီး ခိုင်မာကျစ်လစ်သော စည်းလုံးညီညွတ်သော ခိုင်မာသော ရပ်တည်နိုင်မှုများကို အဓိပ္ပာယ်ရှိစွာ ပေါင်းစပ်ထားသော စစ်မှန်တဲ့ သျှမ်းအမျိုးသာ‌နေ့ ပုံရိပ်တစ်ခုဖြစ်တယ်လို့ မိမိတို့ အဖွဲ့အစည်းမှ လေးနက်စွာ ယုံကြည်ကြောင်း ဆိုပါတယ်။

ထို့အတူ မိမိတို့ ရှမ်းနီအမျိုးသားပြည်သူလူထုအပေါင်းတို့သည်လည်း သျှမ်းမျိုးနွယ်စုတွေ ဖြစ်သည့်အားလျော်စွာ ယခုကဲ့သို့ စည်းလုံးညီညွတ်မှု နဲ့ မိမိဒေသတွင်း ခိုင်မာစွာအရှည်တည်တံ့ ရပ်တည်နေထိုင်ရေး ပြယုဂ်တွေအတွက် စံပြုအတုယူဘွယ် အမျိုးသားရေး လက္ခဏာတွေအဖြစ် မှတ်ယူကြောင်း SNA ရဲ့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကျရောက်တဲ့ သျှမ်းအမျိုးသားနေ့မှသည် နောင်နှစ်ပေါင်းများစွာ ကမ္ဘာတည်သရွေ့ ငြိမ်းချမ်းစွာဖြင့် တောင်းတင်းခိုင်မာ၍ စည်းလုံးညီညွတ်တဲ့ ထာဝရသျှမ်းပြည်ကြီးအဖြစ် ရပ်တည်နိုင်ပါစေကြောင်း ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ (SNUC)၊ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါတယ်။

related posts

Leave a Comment