Home နိုင်ငံရေး သျှမ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး အခြေခံမူများ အတည်ပြု

သျှမ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး အခြေခံမူများ အတည်ပြု

by Homeland Author

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ကမကထပြု၍ သျှမ်းပြည်အမျိုးသား ညီလာခံ (ပထမအကြိမ်) ကို ကျင်းပပြုလုပ်ခဲ့ပြီးနောက် သျှမ်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး အခြေခံမူများ ဆွေးနွေးအတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

RCSS ဌာနချုပ် လွယ်တိုင်းလျဲန်းမှာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အဲဒီညီလာခံ့ကို သံဃာတော်တွေ၊ သျှမ်းပြည်အတွင်းရှိ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး အစုအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့တွေ နဲ့ မြို့နယ်အသီးသီးတို့ရဲ့ ကိုယ်စားလှယ်တွေ စုစုပေါင်း (၁၀၅) ဦး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

သျှမ်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် အခြေခံမူ (၃၃) ချက် နဲ့ အခြေခံအခွင့်အရေးများ (၃၈) ချက်ကို ဆွေးနွေးအတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အတည်ပြုနိုင်ခဲ့တဲ့ အခြေခံမူ (၃၃) ချက် နဲ့ အခြေခံအခွင့်အရေးများ (၃၈) ချက်ကို အကောင်အထည်ဖော်ဖို့ နဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ဖို့ သျှမ်းပြည်နယ်ဖက်ဒရယ်ရေးရာဦးဆောင်အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သျှမ်းပြည်နယ်အတွင်းရှိ လူမျိုးစုတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် နဲ့ တန်းတူအခွင့်အရေးတို့ကို ဖော်ဆောင်နိုင်ရေး၊ သျှမ်းပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ထွန်းရေး၊ သျှမ်းပြည်နယ်ကို ကိုယ်စားပြုတဲ့ နိုင်ငံရေးစုဖွဲ့မှုတစ်ရပ် ပေါ်ထွန်းလာရေးတို့အတွက် သျှမ်းပြည်အမျိုးသားညီလာခံမှာ ပူးပေါင်းပါဝင်ကြဖို့ သျှမ်းပြည်အတွင်းရှိ အဖွဲ့အစည်းတွေ၊ လူမျိုးစုအားလုံးကို ကမ်းလှမ်းဖိတ်ခေါ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

related posts

Leave a Comment