တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ကျားနီ) ပါတီမှ စိုင်းစိန်လွင်ဦး ဟာ ကချင်ပြည်နယ် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၂) မှာ ရွေးကောက်တင်မြှောက်ခံရကြောင်း စစ်ကော်မရှင်က ဒီနေ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ တရားဝင်ထုတ်ပြန်လာပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့အထိ အပိုင်း (၃) ပိုင်းခွဲ၍ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ရွေးကောက်ပွ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ကျားနီ) ကချင်ပြည်နယ်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
အဲဒီ ရွေးကောက်ပွဲအတွင်း နိုင်သူအကုန်ယူစနစ် (FPTP) မှာ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်၊ အချိုးကျကိုယ်စားပြုစနစ် (PR) အမျိုးသားလွတ်တော်မှာ ၁ ဦး၊ ပြည်နယ်လွှတ်တော်မှာ ၂ ဦး ရရှိခဲ့တယ်လို့ သိရပါတယ်။