Home နိုင်ငံရေး ရွေးကောက်ပွဲကို အခက်အခဲကြားမှ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကချင်ပြည်နယ်ပြည်သူ့ပါတီ ပြော

ရွေးကောက်ပွဲကို အခက်အခဲကြားမှ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကချင်ပြည်နယ်ပြည်သူ့ပါတီ ပြော

by Homeland Author

ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဟာ အခက်အခဲကြားမှ စစ်အုပ်စုက ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ပြီး ပြည်သူ့အကျိုးပြု ထမ်းပိုးဆောင်ရွက်နိုင်ရေးအတွက် ဦးတည်တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

မိမိတို့ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဟာ ပြည်ထောင်စုမြန်မာနိုင်ငံ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တိုင်းမှာ အစဉ်အမြဲပါဝင်လျက်ရှိတဲ့ ပါတီဖြစ်တယ်လို့ ဆိုပါတယ်။

ပါတီဖွဲ့စည်းစဉ်ကစ၍ ပါတီရဲ့ နိုင်ငံရေးမူဝါဒ၊ လုပ်ငန်းစဉ်အပေါ် ရပ်တည်ပြီး ဘယ်အဖွဲ့အစည်းရဲ့ လွှမ်းမိုးမှု၊ ငွေကြေးထောက်ပံ့မှုတွေ နဲ့ ပတ်သက်၍ ကင်းလွတ်ပြီး ခိုင်မာစွာ ရပ်တည်ဆောင်ရွက်နေတဲ့ ပါတီဖြစ်တယ်လို့လည်း ဆိုပါတယ်။

KSPP ဟာ ၂၀၁၀ ခုနှစ်မှစ၍ စိန်ခေါ်မှု အမျိုးမျိုး နဲ့ ကြုံတွေ့နေတဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလမှာ ၂၀၂၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ခြင်း၊ ပွင့်လင်းမြင်သာခြင်း၊ တရားမျှတခြင်း အားနည်းတယ်လို့ ဝေဖန်နေကြသော်လည်း ရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်တဲ့အတွက် မိမိတို့ ပါတီဟာ အခက်အခဲကြားမှ ပါဝင်ယှဉ်ပြိုင်ပြီး ပြည်သူ့အကျိုးပြု ထမ်းပိုးဆောင်ရွက်နိုင်ရေးအတွက် ဦးတည်တယ်လို့ ဆိုပါတယ်။

ပြည်သူတစ်ဦးရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်အရ ရွေးကောက်ပွဲ မဲပေးမယ့်ရက်မှာ အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်ရေးအတွက် အဖွဲ့အစည်းအသီးသီးကို မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။

အခုလ ဒီဇင်ဘာ ၂၈ ရက်မှ ပထမအပိုင်း (၁) ရွေးကောက်ပွဲကို ကျင်းပသွားမှာပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာ ဒုတိယအပိုင်း (၂) ရွေးကောက်ပွဲ ကျင်းပပြီး နှစ်ပတ်အကြာ တတိယအပိုင်း (၃) ရွေးကောက်ပွဲကို ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

related posts

Leave a Comment