Home နိုင်ငံရေး ဗန်းမောက်စစ်ရှောင်တွေကို SRAHO က စောင်၊ တဘက်တွေ ထောက်ပံ့

ဗန်းမောက်စစ်ရှောင်တွေကို SRAHO က စောင်၊ တဘက်တွေ ထောက်ပံ့

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ် စစ်ဘေးရှောင်တွေကို ရှမ်းနီစစ်ရှောင်ကူညီထောက်ပံ့ရေး နှင့် လူသားချင်းစာနာရေးအဖွဲ့ (SRAHO) က ဒီနေ့ မနက် ၁၀ နာရီအချိန်ခန့်က ကူညီထောက်ပံ့ရေးပစ္စည်းတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တပ်မဟာ ၆၁၄ ထိန်းချုပ်ဒေသအတွင်းရှိ စစ်ရှောင်တွေကို SRAHO က စောင်၊ မျက်နှာသုတ်ပဝါတွေ နဲ့ ငွေကျပ်သိန်း ၅၀ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ရှမ်းနီလူငယ်တွေမှ ဆောင်းရာသီကာမှာ လိုအပ်လျက်ရှိနေတဲ့ စောင်၊ မျက်နှာသုတ်ပဝါတွေကို စစ်ဘေးရှောင် ၁၅၀ ခန့်အတွက် ထောက်ပံ့ကူညီပေးခဲ့တာဖြစ်ပြီး နောက်ထပ်စစ်ရှောင်တွေအတွက် ကူညီထောက်ပံ့နိုင်ရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က ဗန်းမောက်မြို့ကို KIA၊ PDF နဲ့ KaDu Army တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်နေ ဒေသခံ ထောင်ချီနဲ့ အနီးအနားရှိ ကျေးရွာဒေသခံတွေဟာ ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်း၊ မြောက်ဘက်ခြမ်းတွေကို အသီးသီး တိမ်းရှောင်နေကြရပါတယ်။

တိုက်ပွဲတွေကြောင့် ဗန်းမောက်မြို့အနောက်ခြမ်းသို့ ရောက်ရှိနေတဲ့ ကတူး၊ ရှမ်းနီ နဲ့ ဗမာစစ်ဘေးရှောင်တွေ အနေနဲ့ အိမ်ထောင်စုပေါင်း ၇၃၂ စု၊ လူဦးရေ ၃၀၀၀ နီးပါးရှိနေပြီး အဲဒီစစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ စောင်၊ အနွေးထည် နဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေလည်း လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment