Home နိုင်ငံရေး ဗန်းမောက် စစ်ဘေးရှောင်ကျေးရွာသားအချို့ SNA ဘက်တိမ်းရှောင်လာ

ဗန်းမောက် စစ်ဘေးရှောင်ကျေးရွာသားအချို့ SNA ဘက်တိမ်းရှောင်လာ

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်ထဲ တခွတ္တာ၊ ခိုနန်း၊ အလယ်ရွာ၊ ကံရွာ၊ ခိုပြင်၊ ခမိုး စတဲ့ စစ်ဘေးရှောင် ကျေးရွာသားအချို့ဟာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၆၁၄ ထိန်းချုပ်နယ်မြေ မြို့အနောက်ခြမ်းဘက်ကို တိမ်းရှောင်လာကြတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် နီးစပ်ရာ တိမ်းရှောက်ကြပြီး အဲဒီကျေးရွာသားတွေဟာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ PDF နဲ့ KaDu Army တို့ ထိန်းချုပ်ဒေသမှာ ရောက်ရှိသွားပြီး စားနပ်ရိက္ခာ အကူအညီတွေ မရရှိတာကြောင့် ဗန်းမောက်မြို့အနောက်ခြမ်းဘက်ကို တိမ်းရှောင်လာတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တခွတ္တာ၊ ခိုနန်း ၊အလယ်ရွာ၊ ကံရွာ၊ ခိုပြင်၊ ခမိုး ရွာသားတချို့ PDF ဆီ ပါသွားကြတဲ့ဟာတွေပဲ၊ ဘာရိက္ခာမှ မထောက်ပံ့လို့ ပြန်လာကြတာ၊ SNA တပ်ဖွဲ့တွေ သွားပြန်ကြိုခဲ့ကြတာ” လို့ ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း တိုက်ပွဲကြောင့် တောထဲ ပိတ်မိနေတဲ့ သခွတ္တာ၊ ခိုနန်း ကျေးရွာသား ၂၀၀ ကျော်ကို SNA တပ်မဟာ ၆၁၄ က ကယ်ထုတ်ပေးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

related posts

Leave a Comment