တအာင်းပြည်တည်ဆောက်ရေးအတွက် ရရှိခံစားပိုင်ဆိုင်နိုင်ပါစေကြောင်း တအာင်းအမျိုးသားပါတီ (TNP) က တအာင်းနှစ်သစ်ကူးနေ့သို့ ပေးပို့တဲ့ ကြိုဆိုဂုဏ်ပြုသဝဏ်လွှာမှာ ဖော်ပြပါတယ်။
ခေတ်အဆက်ဆက်မှ ဒီနေ့ထိ မိမိတို့ တအာင်းလူမျိုးတို့ဟာ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး နဲ့ တအာင်းပြည်တည်ဆောက်ရေးတို့ကို အခြေခံကာ စစ်အာဏာရှင် အဆက်ဆက်တို့ကို ရရာနည်းလမ်းတွေနဲ့ တွန်းလှန်တော်လှန်ခဲ့ကြပြီး စစ်ဘေးစစ်ဒဏ်ကို ကြံ့ကြံ့ခံလျက် ညီနောင်တိုင်းရင်းသားအားလုံးနဲ့အတူ လက်တွဲကာ တော်လှန်တိုက်ပွဲတွေ ဆောင်ရွက်လျက်ရှိတယ်လို့ TNP က ဆိုပါတယ်။
နွေဦးတော်လှန်ရေး နဲ့ ညီနောင်မဟာမိတ်မှ ဖော်ဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးလှိုင်းတို့မှာ တအာင်းတိုင်းရင်းသားတော်လှန်ရေး အင်းအားစုတို့ ပါဝင်တော်လှန်ပြီး စစ်အုပ်စုရဲ့ တိုင်းစစ်ဌာနချုပ်ကိုပါ သိမ်းပိုက်နိုင်တဲ့အထိ တော်လှန်ရေးအင်အားစုတွေမှ အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မကြာမီအချိန်ကာလမှာ တိုင်းရင်းသားမိဘပြည်သူတို့ လိုလားတောင့်တတဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး နဲ့ တအာင်းပြည်တည်ဆောက်ရေးတို့အတွက် နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူများနဲ့အတူ ရရှိခံစားပိုင်ဆိုင်နိုင်ကြပါစေကြောင်း တအာင်းအမျိုးသားပါတီ (TNP) က ဆန္ဒပြုတယ်လို့ ဆိုပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၆ ရက်နေ့ဟာ တအာင်းနှစ် ၂၇၁၆ ခုနှစ် နှစ်ဟောင်းကုန်၍ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့မှာ ကျရောက်တဲ့ ၂၇၁၇ ပြည့်နှစ် တအာင်းနှစ်သစ်ကူးသို့ သဝဏ်လွှာပေးပို့ခဲ့တာပဲ ဖြစ်ပါတယ်။