Home နိုင်ငံရေး မိုးကုတ်၊ မိုးမိတ်ပြန်ပေးရတဲ့အတွက်တောင်းပန်ကြောင်း ဗိုလ်ချုပ် တားဘုန်းကျော်ပြော

မိုးကုတ်၊ မိုးမိတ်ပြန်ပေးရတဲ့အတွက်တောင်းပန်ကြောင်း ဗိုလ်ချုပ် တားဘုန်းကျော်ပြော

by Homeland Author

မိုးကုတ်-မိုးမိတ် ပြန်ပေးလိုက်ရတဲ့အပေါ်တကယ် ပေးဆပ်နစ်နာသူတွေကို တောင်းပန်ချင်ပါတယ် ရင်ထဲလှိုက်လှိုက်လှဲလှဲ နာကြင်ရတာမို့ အနူးအညွတ်တောင်းပန်ပါတယ်လို့ တအာင်းတပ် TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ဒီဇင်ဘာ ၁ ရက်မှာ သူ့ရဲ့ လူမှုကွန်ရက်ကနေ ပြောလာပါတယ်။

ကျည်နဲ့ ဘတ်ဂျက်ငွေကြေး မရှိတာအပြင် တပ်ဖွဲ့ဝင်အင်အားလျော့နည်းလာလို့ မိုးကုတ်၊ မိုးမိတ်ကို အပစ်ရပ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဗိုလ်ချုပ်တားဘုန်းကျော်က “တအာင်းနိုင်ငံရေးရဲ့ ပန်းတိုင်တခုဟာ မိုးကုတ်မြို့ကို တအာင်းပြည်နယ်ထဲ ပြန်ပါအောင် ကြိုးပမ်းရေးဖြစ်တယ်… ရှေးယခင် နှစ်ပေါင်းထောင်ချီကတည်းက တအာင်းလူမျိုးတို့တည်လာတဲ့ မိုးကုတ်(မိုဂူ;-လင်းလင်တဲ့ကျောက်) ဟာ တအာင်းလူမျိုး လက်ထဲ ပြန်ရောက်ရမယ်လို့ ရည်မှန်းထားပါတယ်။ အခုတော့ လက်ထဲရောက်တဲ့ကိတ်မုန့်ကို မစားရပဲ ပုတ်ချခံလိုက်ရသလိုမျိုး အသည်းကွဲရပါတယ်”လို့ ပြောပါတယ်။
ကံမကုန်သေးရင်တော့ ကြိုးစားသူအတွက် ရလာဒ်ရှိစမြဲလို့ ယုံကြည်ကြောင်း သစ္စာဖောက်လို့ ပက်ပက်စက်စက်ပြောသူတွေကို တော်လှန်ရေးနှလုံး သေချာပြန်သုံးသပ်ပြီး အရှိတရားတွေကို လက်ကိုင်ထားစေချင်ကြောင်း ပြောပါတယ်။

နွေဦးတော်လှန်ရေးမှာ ဆယ်နှစ်ကျော် တည် ဆောက်ထားတဲ့ အရင်းအမြစ်တွေနဲ့ အကောင်းဆုံးပံ့ပိုးခဲ့ကြောင်း၊ ၃ နှစ်၊ ၄ နှစ်ကာလအတွင်း အင်အားထောင်ချီ ပေးဆပ်အရင်းပြုခဲ့တာကြောင့်လက်နက် အကြွေး ဒေါ်လာဘီလီယံချီ အကြွေးတင်ထားတယ်လို့ ဗိုလ်ချုပ်တားဘုန်းကျော်က ပြောပါတယ်။

“အာဏာရှင်နံရံကို ခေါင်းနဲ့အတင်းဝင်တိုက်လို့ ဦးခေါင်းက သွေးချင်းနီရဲလို့ သေမလောက်ပါပဲ… ဗမာတွေ ဒီဒေးခေါ်လို့ လိုက်မပါနိုင်ပေမဲ့ မီရာအရှိန်နဲ့လို့်ဖို့ကြိုးပမ်းခဲ့တယ် တကယ့် တကယ် ၁၀၂၇ လုပ်တော့ ဘယ်ဒီဒေးကမှ လက်တွေ့ပါမလာပဲ နောက်ဆုံး ကိုယ်ပဲအထီးကျန် ရွာက အိမ်သူလိုည်းတွေပါ လေယာဉ်ဗုံးဒဏ်သင့်ကြရတယ်” လို့ ပြောပါတယ်။

TNLA မွေးထုတ်ပျိူးထောင်ပေးခဲ့သူတွေက မိုးကုတ်ကို ပြန်သိမ်းတာ မြင်ချင်တယ်လို့ ဗိုလ်ချုပ်တားဘုန်းကျော်က ဆက်ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA နဲ့ မဟာမိတ် တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို သိမ်းခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် တရုတ်ကြားဝင်မှုနဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စစ်တပ်နဲ့ TNLA ရဲ့ ၉ ကြိမ်မြောက် ဆွေးနွေးပွဲ ဆုံးဖြတ်ချက်အရ မိုးကုတ်နဲ့ မိုးမိတ်မြို့ကနေ TNLA တပ်တွေ ဆုတ်ခွာပြီး နှစ်ဖက်အပစ်ရပ်ဖို့ သဘောတူခဲ့ကြပါတယ်။

related posts

Leave a Comment