Home နိုင်ငံရေး SNA ထိန်းချုပ်ဒေသက ဗန်းမောက်စစ်ရှောင်တွေကို ငွေကြေးထောက်ပံ့

SNA ထိန်းချုပ်ဒေသက ဗန်းမောက်စစ်ရှောင်တွေကို ငွေကြေးထောက်ပံ့

by Homeland Author

စစ်ကိုင်းတိုင်း အထက်ပိုင်း ဗန်းမောက်မြို့နယ် ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ထိန်းချုပ်ဒေသ မြို့အနောက်ခြမ်းသို့ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေကို အိမ်ထောင်စုအလိုက် ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် မြို့အနောက်ခြမ်းမှာ ရောက်ရှိလာကြတဲ့ အလယ်ရွာ၊ ကံရွာ၊ လက်ပံကျင်း၊ နမ့်မွန်းခေါင် နဲ့ ဗန်းမောက်မြို့ပေါ်အချို့မှ အိမ်ထောင်စု ၄၇ အိမ်ထောင်စု၊ လူဦးရေ ၁၈၀ ကျော်တို့ကို တစ်ဦးလျှင် လေးသောင်းခွဲနှုန်းဖြင့် ထောက်ပံ့ပေးခဲ့တယ်လို့ မနေ့က သွားရောက်ထောက်ပံ့ ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေအတွက် ကဒူးလူငယ်များအဖွဲ့ချုပ် သိန်း ၃၀ ကျပ်၊ ရှမ်းနီနွယ်ဘွားလူငယ်များ အဖွဲ့ချုပ် ၁၅ သိန်း၊ ရှမ်းနီလူမူရေးအသင်း (မန္တလေးမြို့) မှ ၁၀ သိန်းငါးထောင်ကျပ် နဲ့ ကြာကြီးကွင်းပြည်သူ့စစ်မှ (ကချင်ပြည်နယ်) သိန်း ၅၀ ကျပ် ထောက်ပံ့ကူညီပေးခဲ့ပြီး စစ်ရှောင်ကော်မတီမှ သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ဗန်းမောက်မြို့နယ် မံစီကြီးဒေသစိတ် မံစီကြီးဘုန်းတော်ကြီးကျောင်းမှာ ရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်တွေကို သျှမ်းနီစာပေနှင့်ရိုးရာယဥ်ကျေးမှုကော်မတီမှ ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်ထုတ် စသဖြင့် သွားရောက်ကူညီထောက်ပံ့ပေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က စတင်၍ ဗန်းမောက်မြို့သိမ်းတိုက်ပွဲဟုဆိုကာ KIA နဲ့ ၎င်းတို့ လက်အောက်ခံအဖွဲ့အစည်းဖြစ်ကြတဲ့ PDF၊ KaDu Army တို့ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် ဗန်းမောက်မြို့ပေါ်နေ ဒေသခံအများစုအပါအဝင် မြို့နယ်ရှိ ဒေသခံအများစု နီးစပ်ရာသို့ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့အနောက်ခြမ်းသို့ရောက်ရှိနေတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု ၆၈၅ အိမ် လူဦးရေ ၄၉၁၆ ဦးရှိနေပြီး ရှမ်းနီအမျိုးသားမျာတပ်မတော် (SNA)၊ သျှမ်းနီစာပေနှင့်ရိုးရာယဥ်ကျေးမှုကော်မတီ၊ ကတူးအရပ်ဖက်အဖွဲ့စည်း၊ ဆီလုပ်ငန်းရှင်တွေ နဲ့ ဒေသခံရှမ်းနီပြည်သူတို့က ကူညီထောက်ပံ့မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

related posts

Leave a Comment