Home နိုင်ငံရေး ရခိုင်ပြည်သူတို့ရဲ့ မျှော်လင့်ချက် အမြန်ဆုံးပြည့်ဝစေဖို့ တိုက်ပွဲမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြော

ရခိုင်ပြည်သူတို့ရဲ့ မျှော်လင့်ချက် အမြန်ဆုံးပြည့်ဝစေဖို့ တိုက်ပွဲမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြော

by Homeland Author

ရခိုင်ပြည်သူတို့ရဲ့ မျှော်လင့်ချက် ဆန္ဒတွေ အမြန်ဆုံး ပြည့်ဝစေဖို့ ဆက်လက်ကြိုးစား ရုန်းကန်တိုက်ပွဲဝင်သွားမယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ၄၇ နှစ်မြောက် မွေးနေ့ဆုတောင်း ဂုဏ်ပြုစကားတွေ ပြောပေးကြတဲ့ အဖွဲ့အစည်းအသီးသီး နဲ့ လူပုဂ္ဂိုလ် အယောက်ချင်းစီတိုင်းအတွက် ပြန်လည်ဆုတောင်းရာမှာ ထည့်သွင်းပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “၄၇ နှစ်မြောက် မွေးနေ့ ဂုဏ်ပြုစကားတွေ ပြောပေးကြတဲ့ အဖွဲ့အစည်းအသီးသီး၊ ရဲဘော်ရဲဘက်တွေ နဲ့ ရင်းနှီးချင်ခင် မိတ်ဆွေတွေ အားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ ရခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ/အာရက္ခတပ်တော် တပ်မှူးချုပ် အာရက္ခတပ်တော် ရဲဘော်ရဲဘက်တွေ နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ပြည်သူ့ဝန်ထမ်းများ အာလုံးမှသည်လည်း ပြည်သူများ၏ မျော်လင့်ချက် ဆန္ဒတွေ အမြန်ဆုံး ပြည့်ဝစေဖို့ ဆက်လက်ကြိုးစား ရုန်းကန် တိုက်ပွဲဝင်သွားမယ်လို့” ပြောပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်တဲ့ AA ဟာ ရခိုင်ပြည်အတွင်းက မြို့နယ်ပေါင်း ၁၇ မြို့နယ်အနက် မြို့နယ် ၁၄ ခု နဲ့ ချင်းပြည်အတွင်းက ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပါတယ်။

အလားတူ ရခိုင်ပြည်မှာ ကျန်ရှိနေတဲ့ ကျောက်ဖြူ၊ စစ်တွေ နဲ့ မာန်အောင်မြို့တို့ကိုလည်း သိမ်းပိုက်နိုင်ရေး တိုက်ပွဲဖော်ဆောင်လျက်ရှိနေပြီး စစ်တပ် နဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။

တဖက်မှာလည်း AA ထိန်းချုပ်ထားတဲ့ မင်းပြား၊ ပုဏ္ဏားကျွန်း နဲ့ ပေါက်တောကို စစ်တပ်ဖက်က အခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိပြီး လူသေဆုံးမှုလည်း ရှိနေပါတယ်။

related posts

Leave a Comment