108



SONY DSC



Homeland News Agency၊ ဩဂုတ် ၂၄၊ ၂၀၂၅။
ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ (PP) တည်ထောင်ခြင်း (၇) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို မနေ့က ဩဂုတ် ၂၃ ရက်နေ့မှာ ရန်ကုန်မြို့ရှိ Sky Star Hotel မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အခမ်းအနားမှာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး နဲ့ ပြည်သူ့ပါတီဝင်အဆင့်ဆင့်မှ ပါတီဝင်တွေ၊ ဖိတ်ကြားထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ပြည်သူ့ပါတီ (PP) ဟာ လာမယ့် ရွေးကောက်ပွဲမှာ နိုင်ငံတဝှမ်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။





