စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှာ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြု သင်တန်းနဲ့ လက်တွေ့ စမ်းသပ်ခြင်း ပြုလုပ်ခဲ့တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံး ပြုခြင်းဆိုင်ရာ နည်းပြသင်တန်း နဲ့ လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို မနေ့က ဇူလိုင် ၁၄ ရက်နေ့က လဟယ်မြို့ နာဂရိုးရာယဉ်ကျေးမှုပြတိုက် ခန်းမမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးထွန်းထွန်း၀င်း တက်ရောက်ခဲ့ပြီး နာဂဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒေသ ရွှေးကောက်ပွဲအရာရှိ ဒေါ်သန်းသန်း၀င်းက (MEVM ) စက်ကိုင်တွယ်အသုံးပြုပုံ၊ မဲပေးပုံနည်းစနစ်တွေနဲ့ ပတ်သက်၍ လက်တွေ့စမ်းသပ် မဲပေးခြင်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ လာမယ့် ဒီဇင်ဘာလအတွင်း သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောကြားထားပါတယ်။
လက်ရှိ နာဂဒေသမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခြင်း မရှိတာကြောင့် ရွေးကောက်ပွဲ ကျင်းပ၍ ရနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။


