38
“ဝ” ဒေသတွင်း လွတ်လပ်စွာ သွားလာနိုင်ရေး ဂိတ်တွေအားလုံး ရုပ်သိမ်းလိုက်တယ်လို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဗဟိုကော်မတီက ညွန်ကြားထားတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အဆိုပါ ညွန်ကြားချက်ဟာ “ဝ” ဒေသ မိုင်းပေါက်၊ မိုင်းလင်း၊ မိုင်းမော၊ ဟိုပန် စတဲ့ ခရိုင်လေးခုလုံးအောက်က ဂိတ်တွေအားလုံးပါဝင်တယ်လို့ ဆိုပါတယ်။
ဒေသတွင်းရှိ ဂိတ်တွေကိုသာ ရုပ်သိမ်းတာဖြစ်ပြီး နယ်စပ်ဂိတ်က ပုံမှန်အတိုက် ဆက်ရှိနေမှာ ဖြစ်တယ်လို့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။