Home နိုင်ငံရေး စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ နဲ့ KIO ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာတို့ နေအိမ် ဗုံးပစ်ခံရ

စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ နဲ့ KIO ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာတို့ နေအိမ် ဗုံးပစ်ခံရ

by Homeland Author

စစ်ကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူ နဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာ တူးဂျာတို့ နေအိမ် မနေ့က ဇူလိုင် ၇ ရက် ညနေပိုင်းမှ ဗုံးပစ်ခံရတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာရှိတဲ့ ဒေါ်ဒွဲဘူရဲ့ နေအိမ်ကို ဇူလိုင် ၇ ရက် ညနေ ၃ နာရီ ၄၀ မိနစ်မှာ အသံမိုင်းနဲ့ လာရောက် တိုက်ခိုက်ခဲ့သလို ညနေ ၃ နာရီ ၄၅ မိနစ်မှာလည်း ယုဇနရပ်ကွက်အတွင်းရှိ ဒေါက်တာတူးဂျာရဲ့ နေအိမ်လည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် နေအိမ်တွေရဲ့ ပြတင်းတံခါးမှန်တွေ အနည်းငယ်ပျက်စီးခဲ့ပြီး လူထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။

ဒေါက်တာ တူးဂျာဟာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက နေပြည်တော်မှာ စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ Peace Forum 2025 ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်ခဲ့သလို ရွေးကောက်ပွဲ ကျင်းပဖို့လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အလားတူ ကချင်အမျိုးသမီး ဒေါ်ဒွဲဘူဟာ ရှေ့နေနဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ကာ စစ်ကောင်စီက ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇ ရက်မှာ ရရှိထားပါတယ်။

ကချင်နိုင်ငံရေးသမားတွေ ဖြစ်ကြတဲ့ ဒေါ်ဒွဲဘူ နဲ့ ဒေါက်တာ တူးဂျာတို့ နေအိမ်တွေကို ဗုံးနဲ့ တိုက်ခိုက်ခဲ့သူတွေကိ ဖော်ထုတ်ဖမ်းဆီးပြီး ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

related posts

Leave a Comment