Home ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးတည်ဆောက်မှု အထိမ်းအမှတ်နေ့ NDAA မိုင်းလားအဖွဲ့ ကျင်းပ

ငြိမ်းချမ်းရေးတည်ဆောက်မှု အထိမ်းအမှတ်နေ့ NDAA မိုင်းလားအဖွဲ့ ကျင်းပ

by Homeland Author

အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၆ နှစ်ပြည့် အထိမ်းအမှတ်နေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

အရင်က ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ အမှတ် ၈၁၅ စစ်ဒေသအဖြစ်မှ ၁၉၈၉ ခုနှစ်၊ ဇွန် ၃ဝ ရက်နေ့မှာ ဦးစိုင်းလင်း ဦးဆောင်တဲ့ တပ်ဖွဲ့ဟာ ခွဲထွက်ကာ NDAA မိုင်းလားကို ထူထောင်ပြီး နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ် ကျင်းပလျက်ရှိပါတယ်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတအစိုးရ) နဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး နမ့်ပန်းဒေသ၊ ​ဆီလူးဒေသ၊ မိုင်းလားဒေသတို့ကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) အဖြစ် စုစည်းကာ NDAA က အုပ်ချုပ်ပိုင်ခွင့် ရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ NDAA ကို တည်ထောင်ခဲ့သူ ဦးစိုင်းလင်းဟာ ၂၀၂၄ ခုနှစ် သြဂုတ် ၈ ရက်မှာ ကွယ်လွန်ခဲ့ပြီး ဦးစိုင်းလင်းရဲ့ သားကြီးဖြစ်တဲ့ ဦးထိန်လင်းက ဥက္ကဋ္ဌရာထူးကို ဆက်ခံခဲ့ပါတယ်။

related posts

Leave a Comment