Home နိုင်ငံရေး နိုင်ငံရေးအပြောင်းအလဲကို စနစ်တကျပြင်ဆင်ပြီးမှ လွှဲပြောင်းသင့်ဟု စိုင်းဌေးအောင် ပြော

နိုင်ငံရေးအပြောင်းအလဲကို စနစ်တကျပြင်ဆင်ပြီးမှ လွှဲပြောင်းသင့်ဟု စိုင်းဌေးအောင် ပြော

by Homeland Author

၁၉၄၇ ခုနှစ်၊ ပင်လုံညီလာခံမှာ အဆောတလျင် လုပ်ခဲ့ကြတဲ့အတွက် ယခုထိ ဖြေရှင်း၍ မပြီးနိုင်တဲ့ တိုင်းရင်းသား ပြဿနာတွေ ပေါ်ပေါက်ခဲ့ကြောင်း ဒါကြောင့် နိုင်ငံရေးအပြောင်းအလဲကို စနစ်တကျပြင်ဆင်ပြီးမှ လွှဲပြောင်းသင့်တယ်လို့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဌေးအောင်က ပြောပါတယ်။

နေပြည်တော်မှာ ဇွန်လ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ ၃ ရက်တာ ကျင်းပခဲ့တဲ့ Peace Forum 2025 ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ TNDP မှ ဥက္ကဋ္ဌ စိုင်းဌေးအောင်မှ Speaker တစ်ဦးအနေနဲ့ တက်ရောက်ဆွေးနွေးခဲ့ဖြစ် ဖြစ်ပါတယ်။

စိုင်းဌေးအောင်က​ “နိုင်ငံရေးအပြောင်းအလဲကို စနစ်တကျပြင်ဆင်ပြီးမှ လွှဲပြောင်းသင့်ပါတယ်။ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံမှာ အဆောတလျင် လုပ်ခဲ့ကြတဲ့အတွက် ယခုထိ ဖြေရှင်း၍ မပြီးနိုင်တဲ့ တိုင်းရင်းသားပြဿနာ ပေါ်ပေါက်ခဲ့ပါတယ်။ လွပ်လပ်ရေးကို အဆောတလျင် ယူခဲ့တဲ့အတွက် မပြီးဆုံးနိုင်တဲ့ ပြည်တွင်းစစ်ဖြစ်ခဲ့ရပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီအပြောင်းအလဲကို နိုင်ငံတကာလက်ခံနိုင်ဖို့ လျင်လျင်မြန်မြန် ဆောင်ရွက်ခဲ့တဲ့အတွက် အခုလို ပြဿနာမျိုး နဲ့ ရင်ဆိုင်နေရကြောင်း၊ အတိက်က ဖြစ်ခဲ့တာတွေကို သင်ခန်းစာယူပြီး အလျင်စလို မလုပ်ဘဲ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ထားကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို တစိုက်မတ်မတ် ဆောင်ရွက်သင့်ကြောင်း စိုင်းဌေးအောင်က ပြောပါတယ်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ဦးဆောင်၍ နေပြည်တော်မှာ ကျင်းပတဲ့ Peace Forum 2025 ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စစ်တပ်မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ၊ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီများ၊ နိုင်ငံတကာပညာရှင်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

related posts

Leave a Comment