Home နိုင်ငံရေး မူလတန်းပြဆရာမနှစ်ဦးကို KIA/PDF ဖမ်းဆီးခဲ့ပြီး ၇ လခန့်ကြာမှ တစ်ဦးပြန်လွတ်

မူလတန်းပြဆရာမနှစ်ဦးကို KIA/PDF ဖမ်းဆီးခဲ့ပြီး ၇ လခန့်ကြာမှ တစ်ဦးပြန်လွတ်

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ် နားမော်ကျေးရွာမှ မူလတန်းပြဆရာမနှစ်ဦးကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ PDF တို့က ဖမ်းဆီးသွားပြီး ၇ လခန့်အကြာမှာ ဆရာမတစ်ဦး ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့က CDM လှုပ်ရှားမှု အအကြောင်းပြု၍ မူလတန်းပြဆရာမ နှစ်ဦးကို KIA/PDF တို့ ဖမ်းဆီးသွားပြီး ပင်ခုတ်ကျေးရွာသို့ ခေါ်ဆောင်သွားကာ ချက်ပြုတ်လျှော်ဖွပ်ခြင်းတွေကိုလည်း အဓမ္မခိုင်းစေခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ ဟုမ္မလင်းမြို့နယ်၊ ရေလဲထိန်းကျော်ကျေးရွာနေ နားမော်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲမှ တာဝန်ထမ်းဆောင်နေသူ လက်ထောက် မူလတန်းပြဆရာမ ဒေါ်ချောစုလှိုင် (၃၀) နှစ် နဲ့ ဖောင်းပြင်မြို့နယ်၊ ကျွန်းရွှေဝါ ရပ်ကွက်နေ နားမော်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲမှလက်ထောက် မူလတန်းပြ ဆရာမဖြစ်သူ ဒေါ်စိမ့်စိမ့်သူ (၂၅) နှစ် တို့ ဖြစ်တယ်လို့ သိရပါတယ်။

ပင်ခုတ်ကျေးရွာမှာ ၄၈ ရက်ခန့် ချက်ပြုတ်လျှော်ဖွတ်ခြင်းတွေကို ခိုင်းစေခဲ့ပြီး ၎င်းတို့ထဲက တစ်ဦးကို တောင်ပေါ်ဆယ်ကျေးရွာသို့ ထပ်မံရွှေ့ပြောင်း၍ လေးလခန့် နေထိုင်စေခဲ့ကြောင်း၊ ထို့နောက် ဖောင်းပြင်မြို့နယ်၊ တံငါကျေးရွာ၌ တစ်လခန့် နေထိုင်ခဲ့ကြောင်း ဆိုပါတယ်။

၂၀၂၅ ခုနှစ်၊ မေ ၂၈ ရက်မှာ မော်လိုက်မြို့သို့ စက်လှေတစ်စီးနဲ့ လိုက်ပါခဲ့ပြီး မော်လိုက်မြို့တွင် ၁ ညအိပ်ပြီးနောက် မော်လိုက်-ကလေးဝ-ကလေးခရီးစဉ်အတိုင်း ထွက်ခွာခဲ့ကာ ကလေးမြို့မှ မုံရွာမြို့သို့ လေယာဉ်ဖြင့် ဆက်လက် လိုက်ပါခဲ့ကြောင်း၊ မုံရွာမြို့မှာ ၅ ရက်ခန့် နေထိုင်ပြီးနောက် ဇွန် ၈ ရက်မှာ မုံရွာမြို့မှ ဟုမ္မလင်းမြို့သို့ လေယာဉ်နဲ့ ရောက်ရှိ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်း CDM လှုပ်ရှားမှုမှာ မပါဝင်တဲ့ ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်းတွေကို KIA/PDF တို့ ဖမ်းဆီးမှုတွေ လုပ်ဆောင်လျက်ရှိနေတယ်လို့ သိပါတယ်။

Non CDM ဝန်ထမ်းတွေကို ရာထူးကထုတ်ပယ်ပြီး တည်ဆဲဥပ‌ဒေနဲ့ အရေးယူနိုင်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပ‌ဒေကို ပြည်ထောင်စုလွှတ်တော် ကိုယ် စားပြု ကော်မတီ (CRPH) က ဇွန် ၁၃ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့ပြီးနောက် အဆိုပါ ပြဌာန်းချက်ကို တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေက လက်မခံဘဲ ဝေဖန်မှုတွေ ရှိနေပါတယ်။

related posts

Leave a Comment