Home နိုင်ငံရေး သျှမ်းအရပ်ဖက်အဖွဲ့တွေ ကန့်ကွက်နေတဲ့ တအာင်းပြည်ကောင်စီ ဖွဲ့စည်းမှုကို ဂုဏ်ယူဟု NUCC စာပို့

သျှမ်းအရပ်ဖက်အဖွဲ့တွေ ကန့်ကွက်နေတဲ့ တအာင်းပြည်ကောင်စီ ဖွဲ့စည်းမှုကို ဂုဏ်ယူဟု NUCC စာပို့

by Homeland Author

ဒေသခံလူမျိုးစုတွေရဲ့ သဘောထားဆန္ဒမပါတာကြောင့် လက်ခံမှာ မဟုတ်ဘူးလို့ သျှမ်းအရပ်ဖက်အဖွဲ့အစည်းတွေ ကန့်ကွက်နေတဲ့ တအာင်းပြည်ကောင်စီ (TLC) ဖွဲ့စည်းမှုကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NCC) က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဒီကနေ့ ဇွန်လ ၁၈ ရက်မှာ ပေးပို့ထားပါတယ်။

ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အပါအဝင် တအာင်းအမျိုးသားပါတီ (TNP)၊ တအာင်းအရပ်ဖက်အစုအဖွဲ့တွေ ပါဝင်တဲ့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ (TPCC) တို့ ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ အစည်းအဝေး ကျင်းပပြီး တအာင်းပြည်ကောင်စီကို ဖွဲ့စည်းနိုင်ခဲ့တာလို့ ဇွန်လ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် ဒေသခံလူမျိုးစုတွေရဲ့ သဘောထားဆန္ဒမပါဘဲ တအာင်းအဖွဲ့အစည်းတွေ စုပေါင်းပြီး တအာင်းပြည်ကောင်စီ (TLC) ဖွဲ့စည်းမှုကို လက်ခံမှာ မဟုတ်ဘဲ အပြီးတိုင် ဆန့်ကျင်သွားမယ်လို့ သျှမ်းအရပ်ဖက်အဖွဲ့အစည်းတွေက ဇွန်လ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

သျှမ်းအရပ်ဖက်အဖွဲ့အစည်းတွေ ဆန့်ကျင်ကန့်ကွက်နေတဲ့ တအာင်းပြည်ကောင်စီ အပါအဝင် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) မှ ကျင်းပခဲ့တဲ့ တအာင်းနိုင်ငံရေးထိပ်သီးအစည်းအဝေးကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းတို့ကို အထူး ဝမ်းမြောက်စွာ ကြိုဆိုတယ်လို့ NUCC ရဲ့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) အဖြစ်မှ ပြောင်းလဲ ဖွဲ့စည်းလိုက်တဲ့ တအာင်းပြည်ကောင်စီကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ အဖွဲ့ဝင်အဖွဲ့စည်းတရပ်အဖြစ် ဆက်လက် လက်တွဲဆောင်ရွက်ခွင့်ရရှိတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း ဖော်ပါထားပါတယ်။

related posts

Leave a Comment