ရှမ်းနီအမျိုးသားများတပ်မတော် (SNA) မှ ဗန်းမောက်မြို့နယ် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ် သိန်း ၅၀ ထောက်ပံ့ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
၂၀၂၅ /၂၀၂၆ ပညာသင်နှစ် ဗန်းမောက်မြို့နယ် ကျောင်းအပ်နှံရေးအခမ်းအနားကို ဗန်းမောက်မြို့အ.ထ.က ကျောင်းမှာ ဒီကနေ့ ကျင်းပခဲ့ပြီး SNA တပ်မဟာ ၆၁၄ မှ သက်ဆိုင်ရာအထက်အရာရှိကြီးတွေလည်း တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကလည်း ဗန်းမောက်မြို့နယ်အနောက်ခြမ်း မံစီကြီးဒေသစိတ် အရှေ့ကုန်းကျေးမှာ ကျောင်းအပ်နှံရေး အခမ်းအနားကို SNA တပ်မဟာ ၆၁၄ သက်ဆိုင်ရာလူကြီးတွေနဲ့အတူ ပညာရေးဝန်ထမ်းတွေ ပြည်သူတွေ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
SNA တပ်မဟာတွေ ထိန်းချုပ်ရာ နယ်မြေဒေသ အသီးသီးမှာ မြို့နယ်အလိုက် ကျေးရွာအလိုက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပမ်းဆက်သွယ်ရေးနဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။