Home စီးပွားရေး ဝက်လက်မှာ အခွန်ကောက်ကြမ်းတဲ့ ပအဖ ဂိတ်ကို ဆန္ဒပြ

ဝက်လက်မှာ အခွန်ကောက်ကြမ်းတဲ့ ပအဖ ဂိတ်ကို ဆန္ဒပြ

by Homeland Author

စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်မှာ လောင်စာဆီတင်ကားတွေ နဲ့ ကုန်တင်ကားတွေကို ငွေကြေးအမြောက်အမြား အခွန်ကောက်တဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ဗိုလ်ရန်ဂိတ်ကို ကားသမားတွေ နဲ့ ဒေသခံပြည်သူတွေက ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်မှာ စတင်ဆန္ဒပြခဲ့တာဖြစ်ပြီး အဆိုပါ စစ်ဆေးရေးဂိတ်ဟာ ဆီ တပေပါ ကို ၁၅,၀၀၀ ကျပ် ကောက်ခံနေသလို တခြားခရီးသည်ကားတွေ နဲ့ ကုန်ကားတွေကိုလည်း အခွန်အဆမတန် ကောက်ခံနေတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးနယ်မြေတွေမှာ တော်လှန်ရေးရန်ပုံငွေအတွက်ဟုဆိုပြီး ကောက်ခံနေသလို အခွန်ဂိတ်တွေမှာ ငွေကြေးအမြောက်အမြားကောက်ခံတာ၊ အခွန်ပေးဆောင်ရတဲ့ ဂိတ်တွေ များတာတွေကြောင့် ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာနေတယ်လို့ ဆိုပါတယ်။

related posts

Leave a Comment