မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မမုန်ကိုင်ကျေးရွာရှိ ကျေးရွာပိုင် ဘောလုံးကွင်းဟောင်းကို ရွှေတူးဖော်တာကြောင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ အပေါင်းအပါတွေကို ပြည်သူလူထုတွေက မနေ့က ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။
ရွှေလုပ်ငန်းရှင် ဦးဆန်းဝင်း နဲ့ KIA တပ်မဟာ 9 မှ ဦးဒေးဗစ်ဆိုသူတို့ ပေါင်း၍ ဘောလုံးကွင်းကို ရွှေတူးဖော်နေခြင်း ဖြစ်ပြီး ရွှေတူးဖော်ခြင်း မပြုလုပ်ဖို့ တောင်းဆိုညှိနိူင်းပေမယ့်လည်း လက်နက်အားကိုး၍ ဆက်လက်တူးဖော်နေတယ်လို့ ဆိုပါတယ်။
ဒီကနေ့မှာတော့ လက်နက်ကိုင်အဖွဲ့တွေက အသက်နှစ်ချောင်းပါရင် လာခဲ့ဟု ချိန်းခြောက်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
အင်းတော်ကြီးဒေသမှာ ရှမ်းနီလူမျိုးတွေဟာ အစဉ်အဆက်နေလာခဲ့တဲ့ ဒေသတစ်ခုဖြစ်ပြီး အင်တော်ကြီးအိုင်ဟာလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းရှင်တွေ ပူးပေါင်း၍ အလွန်အကျွံ ရွှေတူးဖော်မှုကြောင့် အင်းတော်ကြီးအိုင်ပျက်စီးမယ့် အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။