ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဦးဆောင်ပါဝင်ပြီး တအာင်းပြည်ကောင်စီကို ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ ဇွန်လ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
TNLA အပါအဝင် တအာင်းအမျိုးသားပါတီ (TNP)၊ တအာင်းအရပ်ဖက်အစုအဖွဲ့တွေ ပါဝင်တဲ့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ (TPCC) တို့ ပါဝင်တဲ့ အစုအဖွဲ့တွေဟာ ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ အစည်းအဝေး ကျင်းပပြီး ဖွဲ့စည်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
တအာင်းနိုင်ငံရေး ထိပ်သီးအစည်းအဝေးကြီးမှာ တအာင်းပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီ (TSCDC) ရေးဆွဲထားတဲ့ “တအာင်းပြည်တော်လှန်ရေးကာလအစိုးရ အစီအမံ” ကို လက်ခံအတည်ပြုကြပြီး တအာင်းပြည်ကောင်စီ ကို တအားပြည် တော်လှန်ရေးကာလမှာ အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့မှာ ဖွဲ့စည်းတာဝန်ယူခဲ့တဲ့ တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ (TPCC) ကို တအာင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီး ၃ ခုကို ထိန်းကျောင်းကြပ်မတ်ဦးဆောင်နိုင်ဖို့အတွက် ပြောင်းလဲဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ဆိုပါတယ်။


