Home နိုင်ငံရေး ဝိုင်းမော်မှာ SNA ထောက်ပံ့သူဟု စွပ်စွဲကာ ရှမ်းလူမျိုးတစ်ဦးကို KIA သတ်ဖြတ်

ဝိုင်းမော်မှာ SNA ထောက်ပံ့သူဟု စွပ်စွဲကာ ရှမ်းလူမျိုးတစ်ဦးကို KIA သတ်ဖြတ်

by Homeland Author

ဝိုင်းမော်မြို့နယ် ရပ်ကွက် (၂) ခါတန်ရွာ (ရှမ်းရွာ) နေ အသက် ၄၂ နှစ်အရွယ် စိုင်းခွေဖှ ခေါ် ရှမ်းလူမျိုးတစ်ဦးကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ကို ထောက်ပံသူဟု စွပ်စွဲပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့က လာရောက်ဖမ်းဆီးသွားပြီးနောက် မေလ ၂၂ ရက်မှာ စိုင်းခွေဖှကို သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “သူက SNA မှာ သင်တန်းသွားတက်ဖူးတယ်၊ SNA ကို ထောက်ပို့လုပ်နေတယ်ဆိုပြီး မတရားစွပ်စွဲ သတ်ဖြတ်လိုက်တာ” လို့ ပြောပါတယ်။

စိုင်းခွေဖှကို မတရားဖမ်းဆီးခေါ်ဆောင်သွားပြီး ချုပ်နှောင်ထားချိန် အလွန်အကျွံရိုက်နှက်တာကြောင့် လက်လွန်ပြီး သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

စိုင်းခွေဖှရဲ့ ရုပ်အလောင်းကိုတော့ နောင်စီပေါကျေးရွာရဲ့ ဇရပ်မှာ သွားပစ်ထားကြောင်း၊ အဲဒီနောက် ကျေးရွာသားတွေက ဖုန်းဆက်သွယ်မှုကြောင့် ရုပ်အလောင်းကို ပြန်သွားယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုလို ဒေသခံအရပ်သားတစ်ဦးကို မတရားစွပ်စွဲချက်နဲ့ ရိုက်နှက်သတ်ဖြတ်မှုဟာ မဖြစ်သင့်ဘဲ KIA အနေနဲ့ တာဝန်ယူဖြေရှင်းပေးဖို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်အတွင်းရှိ ရှမ်းမျိုးနွယ်စုတွေရဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ စာယဉ်အဖွဲ့ခေါင်းဆောင်တွေ၊ ပရဟိတအဖွဲ့ဝင်တွေ နဲ့ အရပ်သားတွေကို KIA ဟာ အရင်ကတည်းက အကြောင်းပြချက် အမျိုးမျိုးနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ထို့အတူ KIA ဟာ ကချင်ပြည်နယ်သျှမ်းဒေသတွေနဲ့ စစ်ကိုင်းအထက်ပိုင်းရှိ သျှမ်းတိုင်းရင်းသားတွေအပေါ် စစ်ရာဇဝတ်မှုတွေကို ဒီကနေ့အထိ ကျူးလွန်နေတယ်လို့ သျှမ်းကျောင်းသားများသမဂ္ဂမှ မေလ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

related posts

Leave a Comment