Home နိုင်ငံရေး အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်နှစ်ဦးကို အဓမ္မကျင့်ပြီး သတ်ဖြတ်သူကို UWSA က သေဒဏ်ချမှတ်

အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်နှစ်ဦးကို အဓမ္မကျင့်ပြီး သတ်ဖြတ်သူကို UWSA က သေဒဏ်ချမှတ်

by Homeland Author

“ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ဒေသ၊ မိုင်းပေါက်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့က အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေကို အဓမ္မကျင့်ပြီး သတ်ဖြတ်ခဲ့သူတွေကို သေဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူ နှစ်ဦးကို တရားစွဲတင်ခဲ့ပြီး အမှုနှစ်ခုရဲ့ စီရင်ချက်တွေကို တရားရုံးက ဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။

မိန်းကလေးငယ်တွေကို အဓမ္မကျင့်မှုမှာ တရားခံ Yan Xi ဟာ တရားဥပဒေနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အဓိကအချက်ကို လျစ်လျူရှုပြီး အသက်မပြည့်သေးတဲ့ မိန်းကလေးငယ် နှစ်ဦးကို လှည့်စားကာ အဓမ္မပြုကျင့်ခဲ့တာလို့ Wa News Land က ဖော်ပြပါတယ်။

ရည်ရွယ်ချက်ရှိရှိ လူသတ်မှုအတွက် ကျူးလွန်သူ တရားခံ Li Yanbao ဟာ သေဆုံးသွားတဲ့ နစ်နာသူကို မူးယစ်ဆေးဝါး သုံးစွဲဖို့ ဆေးအနည်းငယ် တောင်းဆိုရာကနေ မပေးတဲ့အပြင် ၎င်းအနေနဲ့ တစ်စုံတစ်ရာ တုန့်ပြန်တာ မရှိခဲ့တာကြောင့် ရည်ရွယ်ချက်ရှိရှိ လူသတ်မှု ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူရဲ့ လုပ်ရပ်ဟာ သေဆုံးသူ ကိုယ်ရေးကိုယ်တာ နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့ကို ပြင်းထန်စွာ ထိခိုက်စေပြီး ဆိုးရွားတဲ့ လူမှုရေးဆိုင်ရာ သက်ရောက်မှုကို ဖြစ်စေခဲ့ကာ တရားလိုရှေ့နေက တရားစွဲဆိုပြီးနောက် တရားရုံးက တရားခံကို သေဒဏ်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

related posts

Leave a Comment