Home နိုင်ငံရေး လက်နက်ခဲယမ်းတွေ ခိုးယူပြီး ရောင်းချခဲ့တဲ့တပ်သားတစ်ဦးကို UWSA သေဒဏ်ချမှတ်

လက်နက်ခဲယမ်းတွေ ခိုးယူပြီး ရောင်းချခဲ့တဲ့တပ်သားတစ်ဦးကို UWSA သေဒဏ်ချမှတ်

by Homeland Author

“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်း (ပန်ခမ်း) မြို့မှာ လက်နက်ခဲယမ်းတွေ ခိုးယူပြီး ရောင်းချခဲ့တဲ့ UWSA ထောက်ပို့တပ်သားတစ်ဦးကို သေဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တရားစီရင်တဲ့ အခမ်းအနားကို ဒီကနေ့မနက် ၈ နာရီမှာ ပြုလုပ်ခဲ့ပြီး ဒေသခံ ပြည်သူတွေ လာရောက်ကြည့်ရှု့ခဲ့တယ်လို့ UWSA – “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် စစ်ဦးစီးဌာနရုံးက ထုတ်ပြန်ပါတယ်။

ပြစ်မှုကျူးလွန်သူ ၂ ဦးအနက် ၁ ဦးကိုတော့ သေဒဏ်ပေးပြီး ကျန် ၁ ဦးကို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

၄င်း ပြစ်မှုကျူးလွန်သူတွေဟာ လက်နက်ခဲယမ်းတွေကို ခိုးယူခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အပြင် တခြားလက်နက်ကိုင်တွေကိုလည်း ရောင်းချပေးခဲ့တာလို့ သိရပါတယ်။

related posts

Leave a Comment